ဒေါ်လာ ၃၀၀၀၀ ခန့်ကုန်ကျမယ့် အသက်ရှုစက်ကို ဒေါ်လာ ၁၀၀ နဲ့ထုတ်လုပ်မယ့် MIT အဖွဲ့

အမေရိကန်နိုင်ငံ Rice တက္ကသိုလ်မှ အင်ဂျီနီယာအဖွဲ့တစ်ခုဖြစ်တဲ့ MIT E-vent ဟာ တက္ကဆက်ပြည်နယ်၊ဟူစတန်မြို့မှ ကိုဗစ်လူနာ‌‌တွေအတွက်ရည်ရွယ်ကာ တန်ဖိုးနည်းအသက်ရှုစက်ကိုထုတ်လုပ်နိုင်ဖို့ မတ်လ ၂၉ ရက်နေ့က ဒီဇိုင်းထုတ်ခဲ့ပါတယ်။ထိုMITအဖွဲ့ဟာ ဒေါ်လာတစ်ရာလောက်သာကုန်ကျမယ့် အစိတ်အပိုင်းတွေနဲ့ အသက်ရှုစက်တစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။

Credit Photo

ထိုစက် ကိုစက်ရုံမှထုတ်လုပ်မည်ဆိုပါက ကုန်ကျမယ့်အစိတ်အပိုင်းတွေရဲ့တန်ဖိုးဟာ ဒေါ်လာ ၃၀၀၀၀ ခန့်ကုန်ကျမှာလည်းဖြစ်ပါတယ်။ ထိုစက်အသစ်အဆန်းကိုတော့ အိတ် ဘားနဲ့ပြုလုပ်ကာ အသက်ရှုရမယ့်စနစ်ကိုအခြေခံထားပါတယ်။ထိုစက်ပြုလုပ်နိုင်ဖို့အတွက် အစိတ်အပိုင်းတွေကိုတော့ ဆေးရုံမှကူညီခဲ့တာလည်းဖြစ်ပါတယ်။

Credit Photo

အသက်ရှုစက်ဟာ ဈေးနှုန်းမြင့်မားတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတစ်ခုဖြစ်ပြီး ယခုအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်ကြောင့် ပစ္စည်းပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။MIT E-Vent လို့ခေါ်တဲ့ ထိုအဖွဲ့ထဲမှာတော့ ဆရာဝန်၊အင်ဂျင်နီယာနဲ့ ကွန်ပျူတာသိပ္ပံပညာရှင်တွေပါဝင်ပြီး ထိုစက်ကိုတီထွင်ဖို့အာလုံးကစိတ်အားထက် သန်နေတာကြောင့်ထို ပရောဂျက်ကို MIT ရဲ့အခန်းထဲမှာဘဲစတင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Credit Photo

ထိုအိတ်အဆို့ရှင်အသက်ရှုကိရိယာကို Ambu အိတ်လို့လည်းခေါ်ပြီး လက်ရဲ့အားကိုအသုံးပြုချင်အားဖြင့် လေကိုလူနာရဲ့အဆုတ်အတွင်းသို့ပို့ဆောင်ပေးမှာလည်းဖြစ်ပါတယ်။ထို MIT E-vent ကဒီဇိုင်းထုတ်ထားတဲ့ Ambu အိတ် အသက်ရှုစက်အား ၁သန်းကျော်ခန့်ပမာဏကိုထုတ်လပ်နိုင်ဖို့အချိန်နှစ်ပတ်ခန့်ကြာမြင့်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ထိုအဖွဲ့ကတော့ အများပြည်သူနဲ့ဆိုင်သော အွန်လိုင်းအစီစဉ်တစ်ခုကိုပြုလုပ်နေပြီး ထို အစီစဉ်ကတော့ ထိုစက်တွေကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ရာမှာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဆေးသိုလှောင်ရုံများမှ လိုအပ်တဲ့ပစ္စည်းတွေကို ထောက်ပံနိုင်ဖို့ရည်ရွယ်တာဘဲဖြစ်ပါတယ်။

Credit Photo

ဒါပေမယ့်ထိုအွန်လိုင်းအစီစဉ်ကတော့ ဒါတွေကိုလူတိုင်းလိုက်လုပ်နိုင်မယ်လို့တော့မဆိုလိုပါဘူး။၎င်းဟာကမ္ဘာတစ်ဝှမ်း ရှိဆေးဘက်ဆိုင်ရာအင်ဂျင်နီယာတွေအနေနဲ့ ယခုစက်ကိုထုတ်လုပ်ရာမှာပါဝင်ကူညီပေးရေးအတွက်ထိုအွန်လိုင်းအစီစဉ်ကိုလုပ်ခဲ့တာပါ။ထိုအဖွဲ့ နည်းပညာနဲ့ ဆိုင်သော သဘောသဘာဝတွေကို အသားပေးကာလုပ်ဆောင်နေပါတယ်။ထိုစက်ဟာ လေနဲ့ ဖိအားဟာလူနာအပေါ်ကို သင့်လျော်တိကျသော ဖိအားတွေကိုချိန်ညှိပေးနိုင်ဖို့လိုအပ်ပါတယ်။ထိုအချက်ဟာ စက်ကိုဆက်လက်ထုတ်လုပ်နိုင်မယ့်အပေါ်များစွားသက်ရောက်နေပါတယ်။

Credit Photo

ဘာကြောင့်လည်းဆိုတော့ အကယ် ၍စက်ကသာတစ်ခုခုချို့ယွင်းခဲ့မယ်ဆို လူနာအနေနဲ့ အသက်ဆုံးရှုံးရမှာပါ။ထိုအဖွဲ့ဟာအမေရိကန်အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA)ရဲ့အကြောင်းပြန်မှုကိုစောင့်နေတာဖြစ်ပြီး FDA ရဲ့ အသိမှတ်ပြုမှုဟာ စက်အမြောက်အများထုတ်လုပ်နိုင်ဖို့ အရေးပါတဲ့ အချက်လည်းဖြစ်ပါတယ်။ထိုအသက်ရှုစက်ကိုပြုလုပ်နေတာကာ MIT အဖွဲ့တစ်ခုတည်းမဟုတ်ဘဲ အခြားအဖွဲ့တွေကလည်းထိုနည်းတူပြုလုပ်ဖို့ကြိုးစားနေကြောင်းသိရပါတယ်။

References : business insider.com

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသောသတင်းများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှသတင်းများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***