
ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံကို မကျူးကျော်ခင်အချိန်နှင့် ကျူးကျော်ပြီးအချိန်ကို နှိုင်းယှဉ်ထားတဲ့ ဓါတ်ပုံများ

ယူကရိန်းမှလာသော ကြေကွဲဖွယ်ပုံရိပ်များသည် ရုရှားနိုင်ငံရဲ့ကျူးကျော်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပုံကို ပြသထားပါသည်။ မြို့ကြီးများသည် မမှတ်မိနိုင်လောက်အောင်ကို ပျက်စီးသွားခဲ့ရပြီဖြစ်ပြီး၊ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်တဲ့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏကို သိရှိနိုင်စေရန် ယူကရိန်းနိုင်ငံရဲ့မြို့ကြီးများ၏ ယခင်နှင့်ယခုကို နှိုင်းယှဉ်ကြည့်ခြင်းဖြစ်ပါသည်။
၁။ Kharkiv National University Before

Kharkiv National University After

၂။ ရုရှားမကျူးကျော်မီ Svobody ရင်ပြင်။

မတ်လ ၂ ရက်က Svobody ရင်ပြင်ကို ဒုံးကျည်များဖြင့် ထိမှန်ပြီးနောက် အပျက်အစီးများနှင့် မီးလောင်ကျွမ်းနေသည့် ကားများ။

အံ့သြဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသော ခရစ်ယာန်ဘုရားကျောင်းများ၊ သမိုင်းဝင် အထိမ်းအမှတ် အဆောက်အအုံများနှင့် ဒဏ္ဍာရီပုံပြင်များကဲ့သို့ ရှုခင်းများရှိသော မြို့များရှိသော ယူကရိန်းနိုင်ငံသည် ဥရောပ၏ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး အားလပ်ရက်အတွင်း လာရောက်လည်ပတ်ရန် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်စွမ်းရှိသောနိုင်ငံဖြစ်ပါသည်။
ကံမကောင်းစွာဖြင့်၊ ယူကရိန်းတွင် ယခုမြင်တွေ့ရမည့်အရာအားလုံးသည် ကြောက်ရွံ့ထိတ်လန့်မျက်ရည်ကျကာ ထွက်ပြေးလာကြသည့် ယူကရိန်းနိုင်ငံသားများ၏ ကြေကွဲဖွယ်မြင်ကွင်းများ၊ ဦးညွှတ်ရန်ငြင်းဆန်နေသော မျှော်စင်အပျက်အစီးများ၊ တစ်ချိန်က လမ်းသွားလမ်းလာများ လွတ်လပ်စွာသွားလာရာလမ်းများပေါ်တွင် သွေးများစွန်းထင်းနေပြီးဖြစ်ပါသည်။
၃။ ရုရှားမကျူးကျော်မီ Irpin တံတား

ယူကရိန်းတပ်ဖွဲ့တွေက ရုရှားတွေရဲ့ တိုက်စစ်အရှိန်နှေးကွေးဖို့ ဖြိုဖျက်ထားတဲ့ Irpin မြစ်ကိုဖြတ်ကူးတဲ့ တံတား

၄။ ရုရှားမကျူးကျော်မီက ယူကရိန်းအရှေ့ပိုင်းရှိ Kharkiv Oblast (ပြည်နယ်) ၏ ဒေသဆိုင်ရာ ကောင်စီ (ပါလီမန်)

ရုရှားကျူးကျော်ပြီးနောက် ယူကရိန်းအရှေ့ပိုင်းရှိ Kharkiv Oblast (ပြည်နယ်) ၏ ဒေသဆိုင်ရာ ကောင်စီ (ပါလီမန်)

၅။

တစ်ချိန်က ကမ္ဘာတစ်ဝှမ်းမှ သန်းနှင့်ချီသော ခရီးသွားများကို ဆွဲဆောင်ခဲ့ဖူးသော နိုင်ငံသည် ယခုအခါ ရုရှားကျူးကျော်တိုက်ခိုက်သူများကြောင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ရုန်းကန်နေရသည်။
နှစ်နိုင်ငံကြား တင်းမာမှုများသည် လွန်ခဲ့သည့်လအနည်းငယ်အတွင်းက ထင်ထင်ရှားရှားဖြစ်ပေါ်ခဲ့သော်လည်း ယူကရိန်း၏ကံကြမ္မာသည် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးတစ်ရပ်ဆင်နွဲလိုက်သည်ဟု ပြောကြားခဲ့ပြီးနောက် နေ့ချင်းညချင်းကို ပြောင်းလဲသွားခဲ့ပါသည်။
၆။

၇။

ရုရှားက ယူကရိန်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုသာ ပစ်မှတ်ထားမည်ဟု ကနဦးတွင် ပြောကြားခဲ့သော်လည်း ၁၀ ရက်အတွင်း “စစ်ရေးစစ်ဆင်ရေး” ဟုခေါ်တွင်သော ယူကရိန်းမြို့များ၏ အထင်ကရနေရာများကို ဖျက်စီးပြောင်းလဲပြစ်ခဲ့ကာ ယူကရိန်းသမ္မတ Volodymyr Zelenskyy သာမက အရပ်သားများပါ ပြင်းထန်စွာ ခုခံခဲ့သော်လည်း အဆောက်အအုံများစွာ အပျက်အစီးများဖြစ်ခဲ့ရပါသည်။
၈။

၉။

၁၀။
