
ဘရာဇီးမှ အမျိုးသားတစ်ဦးဟာ သူရဲ့ အမေကိုယ်စားပြုလုပ်ပေးခဲ့တဲ့ ထူးခြားတဲ့ လုပ်ရပ်ကြောင့် သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာပါလာခဲ့ပါဝာယ်။အသက်၄၃နှစ်အရွယ် Heitor Schiave လို့ခေါ်တဲ့ထိုအမျိုးသားဟာ သူ့အမေရဲ့ ယာဉ်မောင်းစမ်းသပ်မှုကို အမေရဲ့ ဝတ်စုံဝတ်ကာ အစားထိုးကူညီပေးခဲ့တာဘဲဖြစ်ပါတယ်။

အသက်၆၀ အရွယ်ရှိပြီဖြစ်တဲ့ မိခင် Maria ဟာ ပြီးခဲ့တဲ့ သုံးကြိမ်စလုံးယာဉ်မောင်း စစ်ဆေးရာမှာကျရှုံးခဲ့တာကြောင့် Heitor ကသူကိုယ်တိုင် ဝင်ရောက်ဖြေဆိုဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကံဆိုးချင်တော့ သူဟာဒီလိုလုပ်ခဲ့တဲ့ အတွက် ဒုက္ခတွေနဲ့သာ ကြုံခဲ့ရပါတယ်။Heitor ဟာ အမေဖြစ်သူMaria ရဲ့ အဝတ်အစားတွေဝတ်ပြီး မိတ်ကပ်၊နှုတ်ခမ်းနီနဲ့ လက်သည်းနီတို့ကို သုံးကာ ပုံစံတူအောင်ဖန်တီးခဲ့ပြီး ယာဉ်မောင်းလိုင်စင်သွားရောက်ဖြေဆိုခဲ့ပါတယ်။

ယာဉ်မောင်းသင်တန်းပို့ချပေးနေတဲ့ ဆရာဖြစ်သူ Aline Mendonca ဟာ အစပိုင်းမှာတော့ Heitor ရဲ့ သရုပ်ဆောင်လာတာကို လုံးဝသတိမထားမိခဲ့ပါဘူး။

ဒါပေမယ့် Aline ဟာ Heitor ရဲ့ ယာဉ်မောင်းနေတဲ့ ထိုင်ခုံနားသွားကာ စကားစမြည်ပြောလိုက်တဲ့အခါမှာတော့ ပုံမှန်မဟုတ်တဲ့ အသံကြောင့် ရိပ်မိသွားပါတော့တယ်။

အဲဒီအချိန်မှာတော့ သူဟာ Heitor ကို ဘယ်သူလဲဆိုဝာာမေးမြန်းခဲ့ပြီး ရဲဌာနကိုချက်ချင်းဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ခဏအကြာမှာတော့ ရဲတွေရောက်လာကာ Heitor ကိုလိမ်လည်မှုနဲ့ဖမ်းဆီးခဲ့ပြီး သူ့အနေနဲ့ အမေကိုကူညီချင်လို့သာ ဒီလိုလုပ်ခဲ့ရတာဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ References: EliteReaders
Viedo ကြည့်ရန်