
ဒိတ်လွန်နေတဲ့ အလှကုန်ပစ္စည်းကိုသုံးပြီး တစ်ကိုယ်လုံးအစိမ်းရောင်ပြောင်းသွားတဲ့ အမျိုးသမီး

မိခင်တစ်ဦးဟာ သက်တမ်းကုန်နေပြီး အသားညိုအောင်အသုံးပြုရတဲ့ မိတ်ကပ်ရည်တစ်မျိုးကို သုံးလိုက်တာကြောင့် တကိုယ်လုံးအစိမ်းရောင်တွေပြောင်းသွားရတဲ့အဖြစ်ကို ကြုံခဲ့ရပါတယ်။

သူမ အပြင်ထွက်တဲ့ အခါမှာတော့ သူမကို အနောက်နိုင်ငံကစုန်းမနဲ့ တူတယ်လို့ ဝိုင်းဝန်းစနောက်ခဲ့ကြပါသေးတယ်။England နိုင်ငံ Wythenshawe မြို့က အသက်၃၅နှစ်အရွယ် ကလေးနှစ်ယောက်ရဲ့မိခင် Jenni ဆိုသူဟာ သက်တမ်းကုန်နေတဲ့ ထိုမိတ်ကပ်ရည်ကိုသုံးကာ စပျစ်ဝိုင်သောက်နေစဉ်အတွင်း မျက်နှာပေါ်မှာ အစိမ်းရောင်ပြောင်းကာ အက်ကွဲလာတာကိုသတိပြုမိခဲ့ပေမယ့် မိတ်ကပ်ရည် ထပ်ဖို့ထည့်ခဲ့ပါသေးတယ်။

နောက်တနေ့မနက် ရောက်တဲ့အခါမှာတော့ Jenniဟာ ရေချိုးခန်းထဲမှာ သူ့တစ်ကိုယ်လုံးအစိမ်းရောင်ပြောင်းနေတာကိုတွေ့ကာ ငိုကြွေးခဲ့ပါတော့တယ်။

(လှချင်တဲ့ မမတွေလည်းမသုံးခင် expire ကြည့်ကြပါအုံးလို့ကြော်ဌာဝင်တာဆက်မယ်) အသက်၁၇ နှစ်အရွယ် Leah Colema နဲ့ အသက်၁၄နှစ်အရွယ် Emily Colema ဆိုတဲ့ သမီးနှစ်ယောက်ရဲ့ မိခင် Jenni ဟာ အိမ်ထဲမှာနေရတဲ့ အချိန်တွေမှာ နီယွန်ပုံစံ glow လာအောင် နည်းလမ်းမျိုးစုံသုံးကာကြိုးစားခဲ့တာဘဲဖြစ်ပါတယ်။

သူ့ရဲ့ မိတ်ဆွေဖြစ်တဲ့ Jan Patricia ကလည်း သူမရဲ့ ဟာသဖြစ်နေတဲ့ ပုံကိုတင်ကာ ဒီအချိန်မှာ UK ဟာ lock down ဖြစ်နေတာမို့ အသားရည်glow အောင်ပြုလုပ်ဖို့အကောင်းဆုံးအချိန်ဘဲလို့စနောက်ခဲ့ပါသေးတယ်။
