
အမျိုးသမီးတစ်ဦးဟာ အင်တာနက်နဲ့ချိတ်ဆက်ပြီး ကစားရတဲ့ကွန်ပျူတာဂိမ်းကိုကစားရင်း အခြားဂိမ်းကစားသူတစ်ယောက်နဲ့ ဂိမ်းထဲမှာလက်ထပ်ပြီး လက်တွေ့ဘဝမှာလည်း ဂိမ်းထဲကအမျိုးသားကို ချစ်ကြိုက်သွားခဲ့တာကြောင့် ခင်ပွန်းကိုကွာရှင်းခဲ့ပါတယ်။

England နိုင်ငံ Kent ဒေသမှ Kelly Sexton ဆိုတဲ့ အမျိုးသမီးဟာ Second Life လို့ခေါ်တဲ့ ကွန်ပျူတာဂိမ်းကို စွဲလန်းစွာဆော့တဲ့ Gamer တစ်ဦးပဲဖြစ်ပါတယ်။ ထိုဂိမ်းမှာတော့ ကစားသူတွေဟာ သူတို့ကိုယ်တိုင် ဇာတ်ကောင်တစ်ဦးလို ပါဝင်ကစားရတဲ့ အွန်လိုင်းဂိမ်းဖြစ်ပြီး အခြားသူတွေနဲ့ အပြန်အလှန်ချိတ်ဆက်နိုင်ပါတယ်။

ဒီဂိမ်းထဲမှာတော့ Kelly ဟာ အခြားဂိမ်းကစားသူတစ်ဦးဖြစ်တဲ့ အမျိုးသားတစ်ဦးနဲ့ ဂိမ်းထဲမှာလက်ထပ်ခဲ့ကြပြီး တကယ့်လက်တွေ့ဘဝမှာလည်း အဲ့ဒီအမျိုးသားနဲ့ လက်ထပ်ခဲ့ပါတယ်။

သူမရဲ့ ဂိမ်းဇာတ်ကောင်အမည်ကတော့ Selena ဖြစ်ပြီး ကြီးမားတဲ့တက်တူးတွေကိုလည်း တစ်ကိုယ်လုံးထိုးထားပါတယ်။ သူမရဲ့ဇာတ်ကောင် Selena ဟာဂိမ်းထဲမှာတော့ Digital နိုက်ကလပ်မှာအလုပ်လုပ်တဲ့ စားပွဲထိုးမလေးတစ်ဦးပါ။

ဂိမ်းရဲ့အချိန်ဖြစ်တဲ့ ၂၀၁၆ခုနှစ် New Year မှာတော့ Selena ဟာ ဇာတ်ကောင်အသစ်တစ်ဦးဖြစ်တဲ့ Statiemuses လို့ခေါ်တဲ့ ဇာတ်ကောင်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ထိုဇာတ်ကောင်ရဲ့နောက်ကွယ်မှ အမျိုးသားရဲ့နာမည်ကတော့ Nick ဖြစ်ပြီး အမေရိကန်မှာ နေထိုင်သူလည်းဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာဂိမ်းထဲမှာချစ်သူတွေဖြစ်ခဲ့ကြပြီး တနေ့ကိုနာရီ ၂၀ လောက်ဂိမ်းထဲမှာပဲအချိန်ကုန်ကာ စကားတွေပြောဖြစ်ခဲ့ကြပါတယ်။ Second Life ဂိမ်းဇာတ်ကောင်အဖြစ်နဲ့ ချစ်သူသက်တမ်းနှစ်လကြာပြီးနောက်မှာတော့ သူတို့ဟာဂိမ်းထဲမှာလက်ထပ်ခဲ့ကြပြီး တစ်နှစ်ကြာပြီးနောက် မှာတော့ Kelly နဲ့ Nick ဟာ အပြင်မှာချစ်သူတွေဖြစ်ခဲ့ကြပါတယ်။

Kelly ကတော့ သူမရဲ့ယောက်ျားနဲ့သူမဟာ တစ်ဦးနဲ့တစ်ဦး အချစ်တွေကုန်ဆုံးနေပြီမို့ သူ့ဆီကကျွန်မ တရားဝင်ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ ဒါကလည်းNick နဲ့သူမ လွတ်လွတ်လပ်လပ်လက်ထပ်ချင်လို့ပါတဲ့။ သုံးနှစ်ကြာပြီးတဲ့နောက်မှာတာ့ Kelly ဟာ မိုင် ၄၀၀၀ လောက်ကွာဝေးတဲ့ အမေရိကကိုသွားကာ ဂိမ်းထဲမှာဆုံတွေ့ခဲ့တဲ့ Nick နဲ့တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့လက်ထပ်ဖြစ်ခဲ့ကြပါတယ်။