
Hetfordshire, Stevenage ရှိ စုံတွဲတစ်တွဲဟာ အိမ်နီးချင်းတစ်ယောက်ရဲ့ အိမ်အပြင်ကိုထွက်ဖို့ကြိုးစားတဲ့ နည်းလမ်းတစ်ခုကိုကြည့်ကာ အလွန်ကိုအံဩစရာဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုသူဟာ ချုံပုတ်တစ်ခုကို ဝတ်စုံပုံစံအသုံးချကာဖုံးကွယ်ပြီး အိမ်အပြင်ထွက်ဖို့ကြိုးစားခဲ့တာကြောင့် ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ကိုရိုနာကြောင့် အထိနာနေရတဲ့ နိုင်ငံတွေဟာ Lockdown စနစ်ကိုအသုံးပြုနေကြပြီး လူတွေဟာမှာလည်း ထိုစနစ်ကြောင့်သက်ရောက်မှုတွေ မတူညီကြပါဘူး။

အစိုးရမှအိမ်အတွင်းနေရန်အမိန့်ပေးထားတာကြောင့် အများစုက work from home ဒါမှမဟုတ် မိသားစုနဲ့အတူ ပေါင်မုန့်ဖုတ်စားတာတွေ အိမ်သန့်ရှင်းရေးတွေကို စနစ်တကျလုပ်နေကြတာကိုတွေ့ရပြီး အချို့ကလည်း ထိုကပ်ရောဂါဆိုးကြီးအတွက် အိမ်ထဲမှာနေနေရပေမယ့် စိုးရိမ်တကြီးရှိနေကြပါတယ်။

Nicholas Murray နဲ့ Madeline Mai-Davies တို့စုံတွဲကတော့ အိမ်နီးချင်းတစ်ဦးမှာ ထူးထူးဆန်းဆန်း ချုံပုတ် ကိုအသုံးပြုကာဖုံးကွယ်ပြီး အိမ်အပြင်ကိုထွက်ဖို့လုပ်ဆောင်နေတာကိုသတိထားမိခဲ့ပါတယ်။ ထိုစုံတွဲဟာ ဆက်လက်စောင့်ကြည့်နေပြီး သူတို့အိမ်နီးချင်းဟာ အိမ်နောက်ဖေးတံခါးကနေ ဦးခေါင်းမှခြေထောက်ထိသစ်ရွက်တွေနဲ့လုံအောင်ဖုံးကာ ဆင်ဖြေဖုံးမြို့လေးရဲ့ လမ်းမပေါ်ကိုသုတ်သုတ်ပြာပြာနဲ့ ပြေးထွက်လာခဲ့ပါတယ်။ Madeline ကတော့ ထိုသို့ထူးထူးဆန်းဆန်းအိမ်အပြင်သို့ထွက်နေတာကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ အလွန်ကိုပိပိရိရိ ဖုံးကွယ်ထားနိုင်တာမို့ ချုံပုတ်ထဲကလူကိုတော့ မသိရှိခဲ့ရပါဘူး။

ထိုအမည်မသိချုံပုတ်ထဲကသူဟာ လမ်းပေါ်မှာရှိနေတဲ့ ချုံပုတ်တွေနားကိုအပြေးအလွှားသွားကာ ခဏထိုင်ချပြီး ချုံပုတ်ပုံစံသရုပ်ဆောင်ကာ လမ်းမတစ်ဖက်ကိုအလျင်အမြန်ဖြတ်ပြီး ချုံပုတ်တွေရှိတဲ့နားကို ဖြေးဖြေးချင်းချည်းကပ်သွားပါတယ်။ လမ်းထိပ်တွေရောက်တဲ့အခါမှာတော့ ပုံမှန်ချုံပုတ်ပုံစံအတိုင်းပြုလုပ်ကာ အခြေနေစောင့်ပြီး ဆက်လက်သွားလာခဲ့ပါတယ်။

ထိုဗီဒီယိုလေးကိုတော့ Madeline မှ ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပြီး အင်တာနက်အသုံးပြုသူများစွာက နှစ်သက်ခဲ့ကြပေမယ့် ဗိုင်းရပ်ကူးစက်ခံရနိုင်တာကြောင့် ဝေဖန်မှုတွေလည်းရှိနေပါတယ်။
Video ကြည့်ရန်