ခေါင်မိုးပေါ်မှာ Tik Tok ကစားနေတဲ့ကောင်မလေးကို ဒရုန်းနဲ့ ဖုန်းနံပါတ်သွားပေးခဲ့တဲ့ ကောင်လေး

အချို့နိုင်ငံတွေမှာတော့ကိုရိုနာရောဂါကိုထိန်းချုပ်နိုင်ဖို့ပြီးခဲ့တဲ့ နှစ်ပတ်ခန့်ကတည်းကသီးသန့်ခွဲထားကာ lock Down ပြုလုပ်နေပြီဘဲဖြစ်ပါတယ်။Single သမားတွေအတွက်ကတော့ ဒါဟာ အထီးကျန်သွားရစေမယ့် ပိတ်ပင်မှုမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမယ့်အမျိုးသားတစ်ဦးကတော့ ထိုအရာအတွက် အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကိုတွေ့ရှိခဲ့ပါတယ်။

Jeremy Cohen လို့ခေါ်တဲ့ ဘရွတ်ကလင်းမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ မျက်နှာချင်းဆိုင် အဆောက်အဦးရဲ့ ခေါင်မိုးပေါ်မှာ ကနေတဲ့ အမျိုးသမီးတစ်ဦးကိုသတိထားမိခဲ့ပါတယ်။

image credits: jerm_cohen

သူဟာသူမကိုတွေ့တဲ့အချိန်မှာ လက်ရမ်းပြကာနှုတ်ဆက်ခဲ့ပြီးသူမလည်းပြန်လည်နှုတ်ဆက်ခဲ့ပါတယ်။သူဟာသူမဆီကိုဒရုန်းတစ်ခုကိုပို့လွှတ်ကာ သူတို့ရဲ့ ရိုဆန်လှတဲ့ ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်။

image credits: jerm_cohen

Bored Panda မှဒီRo ဆန်တဲ့အရာကိုဘယ်လိုအချက်တွေကြောင့်လုပ်ဖြစ်ခဲ့လဲဆိုတဲ့မေးမြန်းချက်ကို Jeremy မှ ယခုလိုပြောပြသွားခဲ့ပါတယ်။ “ကျွန်တော်ကတော့ ဒီနှစ်တွေထဲမှာ ကောင်မလေးတွေနဲ့ date ဖို့ဆန္ဒမရှိခဲ့ပါဘူး။သူမကိုတွေ့လိုက်တဲ့အခါ ကျွန်တော်စိတ်ကသူမကို စကားပြောဖို့ အရမ်းစိတ်ပြင်းပြနေတာရယ် ကိုယ်အိမ်ထဲမှာဘဲ ကန့်သတ်ထားတာတွေကြောင့်ယခုလိုမျိုးပြုလုပ်ဖို့စိတ်ကူးရသွားခဲ့တာပါ။ကျွန်တော်အိမ်အပြင်ထွက်လာပြီးကြည့်လိုက်တဲ့အခါTik Tok ကစားပြီးကနေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်တယ်။အဲဒီအခါကျွန်တော်စိတ်ကသူမကို “Hi” လို့ပြောဖို့အရမ်းစိတ်ပြင်းပြနေတာပါ။

image credits: jerm_cohen

ဒါကြောင့် ကျွန်တော်အိမ်ဝရန်တာကနေသူမကိုလက်ရမ်းပြကာနှုတ်ဆက်လိုက်ပြီး သူကကလည်းပြန်နှုတ်ဆက်ခဲ့ပါတယ်။ပြီးတော့ ကျွန်တော်တိပ်ခွေ၊ဘောပင်၊စာရွက်နဲ့ ကျွန်တော့ရဲ့ ဒရုန်းကိုသွားယူလိုက်ပါတယ်။အဲဒီနောက်မှာ စာရွက်ပေါ်ကျွန်တော်ရဲ့ ဖုန်းနံပါတ်ကိုချရေးပြီး ဒရုန်းပေါ်မှာကပ်လိုက်တယ်။ဒီလိုလုပ်တာသူမအတွက် ကိုရိုနာကြောင့် ထိခိုက်သွားမလားဆိုပြီး ကျွန်တော်လန့်နေခဲ့ပါသေးတယ်။ကျွန်တော်ကလွန်ခဲ့တဲ့ နှစ်ပတ်ကတည်းအိမ်မှာသီးခြားစောင့်ကြည့်ခံနေရတာလေ။ကျွန်တော်စိတ်ကိုငြိမ်အောင်ကထားကာဆုံးဖြတ်ပြီးတော့ ဒရုန်းကိုသူမဆီပို့လိုက်ပါတယ်။

ဒါဟာလူမှုကွန်ရက်မှာအပြန်အလှန်ဆက်သွယ်ဖို့အတွက်လို့ အော်ပြောလိုက်ပါသေးတယ်။(FA တွေဒရုန်းမောင်းနည်းလေးသင်ထားလို့ရပြီနော်)။

image credits: jerm_cohen

၂၀၂၀ ကတော့ တကယ် ကိုဆိုးဆိုရွားရွားဖြစ်ရပ်တွေနဲ့စတင်ခဲ့ပေမယ့် ကျွန်တော်ကတော့ အဆိုးထဲကအကောင်းတစ်ခုလို့ဆိုရမလိုပါဘဲ။သူမဟာကျွန်တော်ရဲ့ ဒရုန်းကိုကောက်လိုက်ပြီးနာရီအနည်းငယ်ကြာတော့သူမဆီကမက်ဆေ့တစ်စောင်ပို့လာခဲ့ပါတယ်။ပြီးတော့သူမနဲ့အတူ Dinner စားဖို့ကမ်းလှမ်းခဲ့ပြီး အပြင်ထွက်မရဘဲ ဘယ်လို Dinner စားကြမလဲဆိုပြီး သူဘက်ကပြန်ပြောလာခဲ့ပါတယ်။

အဲဒီမှာကျွန်တော်တို့တိုက်တစ်ဖက်တစ်ချက်စီမှာ single စားပွဲလေးနဲ့မျက်နှာချင်းဆိုင်Dinner လေးလုပ်ဖြစ်ခဲ့ကြပါတယ်။သူမနဲ့ အတူ Video call ခေါ်ကာစကားတွေပြောရင်း ညစာအတူစာဖြစ်ခဲ့ကြပြီး သူမကိုလှတဲ့အကြောင်းလေးတွေလည်းပြောဖြစ်ကာ ရိုဆန်တဲ့အရာလေးလုပ်ဖြစ်ခဲ့တာပါ”လို့ပြောပြသွားခဲ့ပါတယ်။သူမကတော့ motivational speaker တစ်ယောက်ဖြစ်တယ်လို့လည်းသိရပါတယ်။