
အချို့ မိဒီယာ Influencer တွေဟာ Follower များများရဖို့အတွက် ဘယ်အရာမဆိုပြုလုပ်တတ်ကြပြီး တချို့အရာတွေက သူတို့ရဲ့ကျန်းမားရေးကိုဆိုးရွားစွာထိခိုက်စေပါတယ်။ဖြစ်ရပ်တစ်ခုကတော့ ကယ်လီဖိုးနီးယားပြည်နယ်မှ ဆိုရှယ်မီဒီယာ Influencer တစ်ယောက်ဖြစ်တဲ့ Larz GayShawnMendas ဟာ စတိုးဆိုင်မှအများသုံးအိမ်သာခွက်ကိုလျှာဖြင့်လျက်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံလိုက်ရပါတယ်။
သိရသလောက်ကတော့ သူဟာ Tik Tok ပေါ်မှာ corona virus challenge အမည်ရ အိမ်သာခွက်ကိုလျှာနဲ့ ဖြည်းဖြည်းလျက်နေတဲ့ ဗီဒီယိုတစ်ခုတင်ခဲ့ပြီး သူ့Challenge မှာပါဝင်ဖို့ဖိတ်ခေါ်ခဲ့တာပါ။ဒီလိုရူးကြောင်ကြောင်ဗီဒီယိုကိုတော့ Tik Tok ဆော့ဝဲလ်မှာမြင်တွေ့နိုင်ပြီး အသုံးပြုသူ Fan များကလည်း ကုန်စုံဆိုင်၊စတိုးမှ ပစ္စည်းများနဲ့ အိမ်သာများအပြင် အခြားအရာများကိုလျှာဖြင့်လျက်ကာပါဝင်ခဲ့ကြပါတယ်။
ဒီ Challenge ဗီဒီယိုတင်ပြီးရက်အနည်းအကြာမှာတော့ Larz ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ “ငါတော့ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်ခံနေရပြီ”ဟူသောခေါင်းစဉ်နဲ့ ဗီဒီယိုတစ်ခုတင်လာပါတော့တယ်။သူရဲ့ကျော်ကြားချင်တဲ့ ပြကွက်အတွက် သူရရှိခဲ့တာက ကိုရိုနာသာဖြစ်ခဲ့ရပါတယ်။
ဒီChallenge မတိုင်မီ Larz လုပ်ခဲ့တဲ့ အခြား challenge တွေကတော့ စတိုးဆိုင်မှ ရေခဲမုန့်နဲ့ အစားအစာတွေကို ဖွင့်ဖောက်ကာလျှာနဲ့လျက်ပြီး ရေခဲသတ္တောထဲကိုသွားပြန်ထားတဲ့ Challenge တွေလုပ်ခဲ့တာပါ။
နောက်ထပ် Tik Tok အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ Ava Louise ကလည်း လေယာဉ်ပျံနေစဉ်အတွင်းလေယာဉ်ပေါ်မှ အိမ်သာကို လျှာနဲ့လျက်တဲ့ဗီဒီယိုတင်ခဲ့သူဖြစ်ပြီး Louise ကဘဲ Larz ကို ဒီ challenge ကိုလိုက်လုပ်ဖို့ဖိအားပေးခဲ့တာဘဲဖြစ်ပါတယ်။ဒီဗီယိုကြောင့် Louise ဟာ ဒေါ်လာ ၄၀၀၀လောက်ရရှိခဲ့တာဖြစ်ပြီး ကြည့်ရှုသူ၅၉၆၀၀ လောက်ရှိခဲ့တာပါ။Larz ကိုရိုနာဗိုင်းရပ်ခံစားရပြီးနောက်မှာတော့ Louise ဟာ သူအိမ်သာကိုမလျှက်ခင်မှာ သေချာသန့်ရှင်းပိုးသတ်ပြီးမှလုပ်ခဲ့ကြောင်းဝန်ခံသွားခဲ့ပါတယ်။challenge တစ်ခုထင်လို့ဒီအတိုင်းလိုက်လုပ်ခဲ့တဲ့ Larz ကတော့ ကိုရိုနာနဲ့ နှစ်ပါးသွားလိုက်ရပြီလည်းဖြစ်ပါတယ်။