
ဇနီးသည်နဲ့ဖောက်ပြန်တဲ့သူကိုတရားစွဲလိုက်တဲ့ အတွက် ဒေါ်လာ၇သိန်းခွဲလောက်ရဖို့ရှိနေတဲ့အမျိုးသား
မြောက်ကယ်လိုလိုင်းနားမှအမျိုးသားတစ်ဦးမှာ မိမိတို့ရဲ့အိမ်ထောင်ရေးကိုဖြိုခွဲတဲ့သူဆီကနေ ဒေါ်လာ ၇သိန်းခွဲလောက်ရဖို့ရှိနေပါတယ်။Kevin Howard လိုခေါ်တဲ့အမျိုးသားဟာ သူ့့ဇနီးနဲ့လက်ထပ်ခဲ့တာ ၁၂နှစ်ကျော်ရှိပြီဘဲဖြစ်ပါတယ်။ ဒီအတောအတွင်း Kevin ဟာ သူမကိုလေ့လာခဲ့ရသလောက်သူမမှာ အကြောင်းတစ်ခုခုရှိနေကြောင်းတွေ့ရှိခဲ့ပါတယ်။ သူဟာ ဥပဒေဟောင်းတစ်ခုဖြစ်တဲ့ “ချစ်ခင်တွယ်တာမှုကင်းမဲ့ခြင်း”ဆိုတဲ့ ဥပဒေကိုသုံးကာ သူ့ဇနီးရဲ့အချစ်ကိုလိမ်လည်လှည့်ဖျားယူနေတဲ့ဇနီးသည်ရဲ့ချစ်သူေဟာင်းဖြစ်သူအားတရားစွဲဆိုခဲ့ပါတယ်။

ဒီဥပဒေဟာ အိမ်ထောင်ရေးတစ်ခုအကြားရည်ရွယ်ချက်ရှိရှိဝင်ရောက်စွက်ဖက်ခြင်း နှင့် သူ့မရဲ့ အိမ်ထောင်ဖက်မရှိချိန်မှာ သမီးရည်စားစကားပြောသူအား ခင်ပွန်းသည်ဘက်မှတရားစွဲဆိုခွင့်ရှိတဲ့ဥပဒေလည်းဖြစ်ပါတယ်။လက်ထပ်ထိမ်းမြားခြင်းရဲ့ မြတ်မြတ်မှုကိုထိန်းသိမ်းနိုင်ကြဖို့အတွက် ယခုလိုမျိုးတရားစွဲဆို ခဲ့တာဖြစ်ကြောင်း Kevin ကဆိုပါတယ်။Kenvin ဟာ လက်ထပ်ခဲ့တဲ့ ၁၂နှစ်တာကာလအတွင်း ရုန်းကန်ခဲ့ရပုံကိုဖော်ပြပေးခဲ့ပြီး အိမ်ထောင်တစ်ခုတည်ဆောက်ရတာအလွန်ခက်ခဲကြောင်းပြောပြခဲ့ပါတယ်။

Kevin ဟာ ဇနီးသည်အားသက်သေနဲ့ တကွဖော်ပြနိုင်ရန် ပုဂ္ဂလိကစုံထောက်တစ်ဦးဟာဌားခဲ့ပြီး ဇနီးသည်နဲ့ သူ့၏ရည်စားဟောင်းတို့ရဲ့ အိမ်မှာအတူတကွညစာလာစားသည်ကို အမိအရသက်သေယူနိုင်ခဲ့ပါတယ်။ “ချစ်ခင်တွယ်တာမှုကင်းမဲ့ခြင်း” ဥပဒေကြောင့် ထိုသူမှာဒေါ်လာ၇သိန်းခွဲငွေဒဏ်နဲ့ထောင်ဒဏ်တို့ကိုကျခံရဖွယ်ရှိနေပါတယ်။