ဆေးရုံကုတင်ဘေးမှာ ပြန်မလာနိုင်တော့တဲ့ သခင်ကိုသစ္စာရှိစွာ စောင့်နေတဲ့ခွေးလေး

ဆေးရုံကုတင်ဘေးမှာ ပြန်မလာနိုင်တော့တဲ့ သခင်ကိုသစ္စာရှိစွာ စောင့်နေတဲ့ခွေးလေး

Credit Photo

လူတွေကတော့ သူတို့ချစ်ရတဲ့လူတွေအနားကအပြီးပိုင်ထွက်ခွာသွားတဲ့အခါဝမ်းနည်းပူဆွေးကြတာကတော့သဘာဝပါ။ဒါပေမယ့်ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိကြတဲ့ ခွေးလေးတွေကတော့ ကျွန်တော်တို့သေဆုံးသွားပြီးသူတို့အနားမှာမရှိနိုင်တော့တာတော့သူတို့မသိကြပါဘူး။

ဒီထဲကမှသစ္စာစောင့်သိတဲ့ချစ်စရာခွေးလေးတစ်ကောင်ကတော့သူ့သခင်ရဲ့ဆေးရုံကုတင်ဘေးမှာအချိန်ကြာမြင့်စွာစောင့်နေခဲ့တာပါ။ဝမ်းနည်းစရာကောင်းတာကတော့ သူ့သခင်သေဆုံးသွားပြီးသူ့ဆီကိုဘယ်တော့မှပြန်မလာနိုင်တော့တာတော့သူမသိပါဘူး။

ဒီခွေးလေးကတော့ နယူးဂျာဆီပြည်နယ် က Labardor မျိုးစပ် သုံးနှစ်အရွယ်ရှိပြီဖြစ်တဲ့ ခွေးလေး Moose ဘဲဖြစ်ပါတယ်။Moose ရဲ့ သခင်ကတော့လူ့လောကကြီးကိုနှုတ်ဆက်သွားကာ သူ့အနားကိုဘယ်တော့မှပြန်မလာနိုင်တော့ပါဘူး။

Credit Photo

လူတချို့ကတော့ ထိုအဖြစ်အပျက်ကိုဓာတ်ပုံရိုက်ကာMoose ကိုအခြားသခင်အသစ်တစ်ယောက်ကစောင့်ရှောက်နိုင်အောင် အွန်လိုင်းပေါ်မှာမျှဝေခဲ့ပါတယ်။ထိုအပုံလေးကိုမျှဝေပြီးမကြာမီမှာဘဲ နယူးဂျာဆီ၊Randolph မှ Eleventh Hour Rescue မှလာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။

ထိုပိုစ့်လေးရဲ့အောက်မှာလည်း သနားစရာခွေးလေးကိုခေါ်ယူစောင့်ရှောက်ဖို့စိတ်ဝင်စားတဲ့လူတွေလည်းလာရောက် ပြောဆိုထားကြပါတယ်။ထိုအပိုစ့်လေးဟာချက်ချင်းဆိုသလို လူရာပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကိုရရှိလာခဲ့ပြီး ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ Moose လေးရဲ့ အမြဲတမ်းပိုင်ရှင်တစ်ဦးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

Moose ကတော့ယခုချိန်မှာ သူ့ကိုချစ်မြတ်နိုးတဲ့ မိသားစုလေးတစ်ခုကိုပိုင်ဆိုင်ထားပြီး သစ္စာရှိတဲ့ ခွေးလေးတစ်ယောက်အဖြစ်ဆက်လက်နေထိုင်လျက်ရှိပါတယ်။