အိန္ဒိယမှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ အိမ်သာကဖေး

အိန္ဒိယမှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ အိမ်သာကဖေး

Credit Photo

ပြီးခဲ့တဲ့လအနည်းငယ်ကတော့ ကမ္ဘာ့အိမ်သာနေ့ကို အိန္ဒိယအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ကျင်းပခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံ၏ အစိုးရ ကလည်း အိမ်တွင်းရှိ အိမ်သာများအား သန့်ရှင်းသောအိမ်သာတွေဖြစ်လာစေဖို့အတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါတယ်။

Credit Photo

အိန္ဒိယနိုင်ငံ ရဲ့ အထင်ကရမြို့တစ်မြို့ဖြစ်တဲ့ အမီဒါဘတ် မြို့ မှာတော့ ထူးဆန်သော အိမ်သာကော်ဖီဆိုင် တစ်ဆိုင်ကိုတော့ သန့်ရှင်းသော အိမ်သာခွက်မျိုးစုံနဲ့ ဖန်တီးတည်ဆောက်ထားပါတယ်။အမီဒါဘတ်မှာ တည်ဆောက်ထားတဲ့ ထိုဆိုင်ကိုတော့ “အိမ်သာကဖေး” လို့အမည်ပေးထားပါတယ်။

Credit Photo

ဆိုင်ရဲ့အမည်တင်မဟုတ်ဘဲ ဆိုင်ရဲ့ အပြင်အဆင်တွေကိုလည်း အိမ်သာပေါ်အခြေခံကာ ဖန်တီးထားတာပါ။ဆိုင်မှာရှိတဲ့ စားပွဲခုံကတော့ ပုံမှန်စားပွဲမျိုးဖြစ်ပေမယ့် ကုလားထိုင်တွေကတော့ အိမ်သာခွက်မျိုးစုံကိုအသုံးပြုကာဖန်တီးထားတာလည်းဖြစ်ပါတယ်။ ဒီဆိုင်ကတော့ အမီဒါဘတ်မြို့က သန့်ရှင်းရေးကျောင်း Sabarmati Gandhi Ashram အနီးမှာဖွင့်လှစ်ထားတာပါ။

Credit Photo

ဒီဆိုင်ကိုတော့ ဂူဂျာရတ် ဝန်ကြီးချုပ် Anandiben Pate ၏ယောက္ခမဖြစ်သူ Jayesh Patel မှတည်ထောင်ထားတဲ့ဆိုင်တစ်ခုလည်းဖြစ်ပါတယ်။သူဟာ ယခင်ကလည်း ကျောင်းဥယျာဉ်တစ်ခုကို အိမ်သာပေါ် အခြေခံပြီး ဒီဇိုင်းဆွဲကာ တည်ထောင်ထားခဲ့ပါသေးတယ်။ထိုကော်ဖီဆိုင်လေးကတော့ အိမ်သာ သန့်ရှင်းရေးလုပ်သားတွေအပေါ် ဆိုးဆိုးဝါးဝါးမြင်တတ်တဲ့ လူတွေရဲ့ အမြင်ကိုပြောင်းလဲပစ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။

Credit Photo

ထိုကော်ဖီဆိုင်လေးကတော့ နာမည်ကျော်တော်တော်များများကိုဆွဲဆောင်နိုင်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ်မိုဒီ အပါအဝင် အမီတာဘချမ်း နဲ့ ဒလိုင်းလားမား အစရှိသော နာမည်ကျော်ပုဂ္ဂိုလ်များစွာလာရောက်လည်ပတ်ကြပါတယ်။

Credit Photo

Jayesh Patel ဟာအိမ်သာဥယျာဉ်ကို ၁၉၆၇ခုနှစ်ကတည်းကတည်ထောင်ခဲ့တာဖြစ်ပြီး နိုင်ငံအတွင်း လူတိုင်းအိမ်သာဆောက်လုပ်ကြဖို့နဲ့အိမ်တစ်အိမ်ရဲ့ မိလ္လာရေဆိုးစနစ်အကြောင်းကို ကောင်းစွာသိရှိစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်။