
ဒီအရာကတော့ မည်သူမဆို နားလည်ဖို့ခက်ခဲတဲ့ အရာတစ်ခုပါ။မိ်နးကလေးတစ်ယောက်ရဲ့ စိတ်ကိုခန်မှန်းနိုင်ဖို့က မဖြစ်နိုင်ဘူးလို့ သင်ထင်မိမှာပါ။(မိန်းမမာယာ သဲကိုးဖြာဆိုတာလည်းရှိသေးတာကိုး)။အမျိုးသားတစ်ဦးအနေနဲ့ မိမိရဲ့ ချစ်သူသို့မဟုတ် ဇနီး မယားအပေါ်နားလည်နိုင်ဖို့က အလွန်အရေးကြီးတဲ့ အရာပါ။လူတိုင်းကတော့ မိမိ Crush နေရတဲ့ သူမိမိအပေါ်ကိုစိတ်ဝင်စားနေသလားဆိုတာကိုတော့ လူတိုင်းသိချင်ကြပါတယ်။ အခုပြောပြတဲ့ အရာတွေကတော့ ကျွန်တော်တို့စိတ်ကိုဖောက်ထွင်းမြင်နိုင်လို့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူရဲ့ မျက်နှာအနေထားနဲ့ အပြုအမူကိုကြည့်ပြီးတော့ သင့်အပေါ်ကိုစိတ်ဝင်စားနေသလား၊မဝင်စားဘူးလားဆိုတာတော့ သိနိုင်ပါတယ်။ဒီနေ့မှာတော့ ကျွန်တော်တို့ မိန်းကလေးတစ်ယောက်ရဲ့ ပြုမူတဲ့ အနေထားတွေက နေသူမရဲ့ စိတ်ခံစားချက်ကဘယ်လိုရှိနေသလဲဆိုတာပြောပြပေးသွားမှာပါ။
(၁)သူမရဲ့ အပြုံး
Credit Photo
အကယ်၍ မိန်းကလေးတစ်ယောက်ကသင့်ကိုစိတ်ဝင်စားနေပြီဆိုရင် သူအရဲ့ အပြုံးကတော့ စစ်မှန်တဲ့အပြုံးတစ်ခုဖြစ်နေမှာပါ။ဒါပေမယ့်လို သင့်အနေနဲ့ အပြုံးအတုနဲ့ အစစ်ကိုတော့ခွဲခြားသိဖို့လိုအပ်ပါတယ်။အပြုံးအစစ် ကိုသိနိုင်ဖို့ ကတော့သင့်အနေနဲ့ သူမရဲ့ မျက်လုံးနဲ့ မျက်နှာအမူအရာတွေကိုတော့ အာရုံစိုက်သင့်ပါတယ်။
(၂) ကိုယ်ဟန်အနေအထား
Credit Photo
အကယ်၍ သင့်ဟာ သူမနဲ့ အတူ ရပ်နေတာ(သို့) ထိုင်နေတာ ဆိုရင် သင့်ရဲ့ ကိုယ်အနေထားကိုအရင်ဆုံးသတိထားလိုက်ပါ။ပြီးတဲ့နောက်မှာတော့ သူမရဲ့ ကိုယ်ဟန်အနေအထား(သို့) ထိုင်နေပုံတွေကို ကြည့်တဲ့အခါ သင်နဲ့ တူညီနေမယ်ဆိုရင်တော့ သေချာပါတယ် သူမသင့်ကိုစိတ်ဝင်စားနေပါပြီ။
(၃) ခြေထောက်အနေအထား
Credit Photo
ပညာရှင်တွေရဲ့ လူတစ်ဦးရဲ့ခြေထောက်ဟာ ဟန်ဆောင်လို့မရတဲ့ခန္ဓာကိုယ်ရဲ့ အရိုးသားဆုံးအပိုင်းလို့ဆိုပါတယ်။လူတစ်ဦးအနေနဲ့အခြားတစ်ဦးကိုစိတ်ဝင်စားနေပါကသူ့ဟာအခြားဆန့်ကျင်ဘက်မှာရှိနေပါစေ ခြေထောက်အနေထားကတော့ သင့်ဆီမှာရှိနေပါတယ်။ သင့်ရဲ့ Crush ဟာ အခြားတစ်ယောက်နဲ့ စကားပြောနေချိန်မှာ သူမရဲ့ ခြေထောက်က သင့်ဘက်ကိုလှည့်ထားမယ်ဆိုပါက သူမအနေနဲ့ သင့်ကိုစိတ်ဝင်စားနေပြီဆိုတာသိနိုင်ပါတယ်။
(၄) သူမရဲ့ အကြည့်
Credit Photo
မျက်လုံးကတော့ နှလုံးသားကလာတဲ့ စကားတွေကို ဖော်ပြပေးနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို Crush နေမိပြီဆိုပါက သူမကိုကြည့်ပြီး မျက်လုံးနဲ့ စကားပြောကြည့်လိုက်ပါ။သူမကလည်းသင့်ရဲ့ မျက်လုံးကိုစိုက်ကြည့်ကာ စကားတွေပြန်ပြောလာပြီဆိုရင်တော့ သူမအနေနဲ့ သင့်ကိုစိတ်ဝင်စားနေပြီဆိုတာသိနိုင်ပါတယ်။(တော်ရုံလေးတော့ကြည့်ပေါ့နော် ပါးရိုက်ခံရမယ် ဟီးဟီး)။
(၅) သူမရဲ့မျက်တောင်
Credit Photo
Dopamine ဟော်မုန်းတွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်းမှာလျှိဝှက်စွာတည်ရှိနေပြီး စိတ်ခံစားမှုတွေဖြစ်ပေါ်တဲ့ အခါမှထွက်ပေါ်လာတတဲ့ဟော်မုန်းတစ်မျိုးပါ။ထိုဟောမုန်းရဲ့ လှုံ့ဆော်မှုကြောင့်ကျွန်တော် တို့ မျက်တောင်တွေကကျယ်ပြန့်လာပါတယ်။အကယ်၍ သင့် crush ကသင့်ကိုစိတ်ဝင်စားနေပြီဆိုပါက သူမရဲ့ မျက်တောင်ကလည်း အနည်းငယ်ပြောင်းလဲလာပါလိမ့်မယ်။
(၆)ရှက်သွေးဖြာခြင်း
Credit Photo
သိပ္ပပညာရှင်တွေရဲ့ အဆိုအရ မိန်းကလေးတစ်ဦးဟာ တစ်စုံတစ်ယောက်ကိုစိတ်ဝင်စားနေပြီဆိုပါက အဒရီနယ်ဂလင်းတွေရဲ့လှုံဆော်မှုကြောင့် မျက်နှာအနည်းငယ်နီးမြန်းလာပါတယ်။အကယ်၍ သူမရဲ့ မျက်နှာဟာသင့်ကိုတွေ့ရင်အနည်းငယ်နီမြန်းကာရှက်သွေးဖြာနေပြီဆိုပါက သူမအနေနဲ့ သင့်ကိုစိတ်ဝင်စားနေပါပြီ။(မှတ်ချက် မဲနေသူတွေအတွက်ဘာကိုကြည့်ရမလည်းမမန့်ရ)