ဇနီးသည်ကိုပြတင်းပေါက်အပြင်ဘက်ကနေကြည့်ပြီး ၆၇ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည် ကိုကျင်းပခဲ့ရတဲ့အမျိုးသား

ဇနီးသည်ကိုပြတင်းပေါက်အပြင်ဘက်ကနေကြည့်ပြီး ၆၇ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည် ကိုကျင်းပခဲ့ရတဲ့အမျိုးသား

Credit Photo

ဒီလိုရင်ထဲကိုထိလှတဲ့အဖြစ်အပျက်လေးကတော့လူနာအနေနဲ့သီးခြားခွဲခံထားရတဲ့ဇနီးသည်အတွက်မိမိတို့ရဲ့ ၆၇ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့အားအိမ်အပြင်မှနေကာပြုလုပ်ပေးခဲ့တဲ့အမျိုးသားတစ်ဦးအကြောင်းဘဲဖြစ်ပါတယ်။

Credit Photo

အမေရိကန်အစိုးရရဲ့ကိုရိုနာဗိုင်းရပ်ပြန့်ပွားမည်ကိုစိုးရိမ်သောကြောင့် သူနာပြုအိမ်အားလုံးအားဧည့်သည်တွေ့ခွင့်ပိတ်ပင်လိုက်တာကြောင့် Bob Shellard ဟာသူ့ရဲ့ချစ်ဇနီး Nancy အားတွေ့ခွင့်မရခဲ့ပါဘူး။ဒါပေမယ်လို့ Bob Shellardဟာလက်လျော့မသွားဘဲ သူ့ရဲ့ဘုရင်မလိုချစ်ရတဲ့ ဇနီးသည်ထံသို့သွားခဲ့ပါတယ်။

Credit Photo

Bob ဟာ Connecticut မှာရှိတဲ့ သူနာပြုအိမ်ရှေ့မှာရပ်ကာ “၆၇နှစ်ထိငါနဲ့အတူနေပေးခဲ့တဲ့ မင်းကိုအရမ်းချစ်ပါတယ်၊ပျော်ရွင်စရာနှစ်ပတ်လည်နေ့လေးပါ”လို့ရေးထားတဲ့ ကိုယ်တိုင်လုပ် ဆိုင်းဘုတ်လေးကိုင်ကာ နှစ်ပတ်လည်အခမ်းအနားလေးကိုပြုလုပ်ခဲ့တာပါ။

Credit Photo

သူဟာ Nacy ရဲ့ ပြတင်းပေါက်နားတစ်လျောက်မှာ ဘောလုံးလေးတွေချိတ်ဆွဲထားခဲပြီး သူမဖွင့်ကြည့်လိုက်တဲ့အခါ လက်ခုပ်တီးပြီး လေထဲကနေ အနမ်းတစ်ချို့ကို အောက်ထပ်မှ လှမ်းပေးခဲ့ပါတယ်။

Credit Photo

Bob ဟာ သူနာပြုအိမ်ကို ဧည့်သည်တွေ့ခွင့်မပိတ်မီအချန်ထိ နေ့တိုင်း သူရဲ့ချစ်ဇနီးထံကိုသွားရောက်ခဲ့ပါတယ်။NBC သတင်းရဲ့ သွားရောက် မေးမြန်းမှုမှာ တော့ Bob က “ သူမနဲ့ အတူနေရဖို့က ကျွန်တော် အဖြစ်ချင်ဆုံးဆန္ဒပါ၊ဒီအရာကတော့ ကျွန်တော့ကို အတော်လေးခံစားရစေပါတယ် ဘာလို့လဲဆိုတော့ သူမကိုကျွန်တော်ဆီ အပြေးလေးဆင်းလာစေချင်တာပါ၊ သူမ မလုပ်နိုင်မှန်းတော့ ကျွန်တော်သိပါတယ်”လို့ဖြေကြားသွားခဲ့ပါတယ်။

Credit Photo

Bob တို့ဇနီးမောင်နှံ မှာတော့ သားသမီး ၄ယောက် ရှိပါတယ်။သူတို့ရဲ့ သမီးဖြစ်သူ Laura Mikolajczak က “ ကျွန်မမိဘတွေရဲ့ တစ်ဦးနဲ့တစ်ဦး ထားရှိကြတဲ့ ချစ်ခြင်းတွေကိုတော့ ယနေ့ခေတ်လူငယ်တွေ အားလုံးအတုယူသင့်ပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။