ကွင်းထဲသို့ ကိုယ်တိုင်သီချင်းဆိုပြီးဝင်လာသည့် MMA ဖိုက်တာ စက္ကန့်(၂၀)အတွင်း အလဲထိုးခံရ

သင့်အနေနဲ့ အောင်လအန်ဆိုင်းရဲ့ပွဲတွေကိုတော့ ‌ ကြည့်ဖူးမှာပါ။ MMA ကစားသမားတိုင်းဟာ ပြိုင်ပွဲမစခင် ကွင်းထဲဝင်လာတဲ့အချိန်မှာ သူတို့ရွေးချယ်ထားတဲ့သီချင်းနဲ့ကွင်းထဲကို ဝင်လာလေ့ရှိပါတယ်။ အောင်လအန်ဆိုင်းဆိုရင်တော့ ပွဲတိုင်းနီးပါးကို လေးဖြူရဲ့”အမဲလိုက်အက”သီချင်းနဲ့ ဝင်လာလေ့ရှိပြီး နောက်ထပ်မြန်မာကိုယ်စားပြု ထီရယ်ထန်းဟာဆိုလည်း သူနောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာ မနော်ရဲ့”ဗိုလ်အောင်ဒင်” သီချင်းနဲ့ ဝင်လာပြီး ပြိုင်ပွဲကိုအနိုင်ယူခဲ့ပါတယ်။

Photo Credit : Road FC

အောင်လအန်ဆိုင်းထိုးသတ်တဲ့ ONE Championship လိုမျိုး MMA ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Road FC ကပြိုင်ပွဲတစ်ခုမှာတော့ ကစားသမားတစ်ယောက်ဟာ အများနဲ့မတူဘဲ ကွင်းထဲကို ကိုယ်တိုင်သီချင်းဆိုပြီးဝင်လာတော့ ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။ သူကတော့ တောင်ကိုးရီးယားနိုင်ငံသား Heo Jae Hyuk ပဲဖြစ်ပါတယ်။

Photo Credit : Road FC

Heo Jae Hyuk ဟာ အဲ့တုန်းက အသက် (၃၃)နှစ် အရွယ်ရှိပြီး အရပ် (၆)ပေ ပေါင် (၃၀၀)ရှိတဲ့ ဟဲဗီးဝိတ်ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ သူဟာကွင်းထဲကို Believer သီချင်းနဲ့ ကိုယ်တိုင်ဆိုပြီး ကွင်းထဲဝင်လာတော့ ပရိသတ်တွေက အော်ဟစ်အားပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲထိုးသတ်တဲ့အခါမှာတော့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

Photo Credit : Road FC

အကြောင်းကတော့ သူနဲ့ထိုးသတ်တဲ့ ပြိုင်ဘက် Shim Gun Oh က သူ့ကို စက္ကန့် (၂၀)အတွင်း အလဲထိုးလိုက်လို့ပါပဲ။ အဲ့နောက်မှာတော့ ဝေဖန်သံတွေ များစွာထွက်ပေါ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူသီချင်းဆိုပြီး ဝင်လာတဲ့အချိန်ဟာ (၁)မိနစ်နဲ့ (၁၆)စက္ကန့်ကြာပြီး ပြိုင်ဘက်နဲ့ထိုးသတ်တဲ့အခါမှာတော့ စက္ကန့် (၂၀)နဲ့ အရှုံးပေးလိုက်ရလို့ပါပဲ။

“မင်း အဆိုတော်ပဲ လုပ်သင့်တယ် ဒီကွင်းထဲမှာ ရှိမနေသင့်ဘူး”လို့ တချို့တွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ တချို့ကလည်း Social Media မှာ “ငါ့ရဲ့အဆိုတော် Idol ကြီး Heo Jae Hyuk က စက္ကန့်(၂၀)အတွင်း အလဲထိုးခံလိုက်ရတယ်ဟေ့”ဆိုပြီးတော့ အရွှန်းဖောက်ခဲ့ကြပါတယ်။

Zawgyi

ကြင္းထဲသို႔ ကိုယ္တိုင္သီခ်င္းဆိုၿပီးဝင္လာသည့္ MMA ဖိုက္တာ စကၠန္႔(၂၀)အတြင္း အလဲထိုးခံရ

Photo Credit : Road FC

သင့္အေနနဲ႔ ေအာင္လအန္ဆိုင္းရဲ႕ပြဲေတြကိုေတာ့ ‌ ၾကည့္ဖူးမွာပါ။ MMA ကစားသမားတိုင္းဟာ ၿပိဳင္ပြဲမစခင္ ကြင္းထဲဝင္လာတဲ့အခ်ိန္မွာ သူတို႔ေ႐ြးခ်ယ္ထားတဲ့သီခ်င္းနဲ႔ကြင္းထဲကို ဝင္လာေလ့ရွိပါတယ္။ ေအာင္လအန္ဆိုင္းဆိုရင္ေတာ့ ပြဲတိုင္းနီးပါးကို ေလးျဖဴရဲ႕”အမဲလိုက္အက”သီခ်င္းနဲ႔ ဝင္လာေလ့ရွိၿပီး ေနာက္ထပ္ျမန္မာကိုယ္စားျပဳ ထီရယ္ထန္းဟာဆိုလည္း သူေနာက္ဆုံးထိုးသတ္ခဲ့တဲ့ပြဲမွာ မေနာ္ရဲ႕”ဗိုလ္ေအာင္ဒင္” သီခ်င္းနဲ႔ ဝင္လာၿပီး ၿပိဳင္ပြဲကိုအႏိုင္ယူခဲ့ပါတယ္။

ေအာင္လအန္ဆိုင္းထိုးသတ္တဲ့ ONE Championship လိုမ်ိဳး MMA ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Road FC ကၿပိဳင္ပြဲတစ္ခုမွာေတာ့ ကစားသမားတစ္ေယာက္ဟာ အမ်ားနဲ႔မတူဘဲ ကြင္းထဲကို ကိုယ္တိုင္သီခ်င္းဆိုၿပီးဝင္လာေတာ့ ပရိသတ္ေတြ အံ့အားသင့္ခဲ့ရပါတယ္။ သူကေတာ့ ေတာင္ကိုးရီးယားႏိုင္ငံသား Heo Jae Hyuk ပဲျဖစ္ပါတယ္။

Photo Credit : Road FC

Heo Jae Hyuk ဟာ အဲ့တုန္းက အသက္ (၃၃)ႏွစ္ အ႐ြယ္ရွိၿပီး အရပ္ (၆)ေပ ေပါင္ (၃၀၀)ရွိတဲ့ ဟဲဗီးဝိတ္ကစားသမားတစ္ဦးပဲျဖစ္ပါတယ္။ သူဟာကြင္းထဲကို Believer သီခ်င္းနဲ႔ ကိုယ္တိုင္ဆိုၿပီး ကြင္းထဲဝင္လာေတာ့ ပရိသတ္ေတြက ေအာ္ဟစ္အားေပးခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ၿပိဳင္ပြဲထိုးသတ္တဲ့အခါမွာေတာ့ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ပါတယ္။

Photo Credit : Road FC

အေၾကာင္းကေတာ့ သူနဲ႔ထိုးသတ္တဲ့ ၿပိဳင္ဘက္ Shim Gun Oh က သူ႔ကို စကၠန႔္ (၂၀)အတြင္း အလဲထိုးလိုက္လို႔ပါပဲ။ အဲ့ေနာက္မွာေတာ့ ေဝဖန္သံေတြ မ်ားစြာထြက္ေပၚခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူသီခ်င္းဆိုၿပီး ဝင္လာတဲ့အခ်ိန္ဟာ (၁)မိနစ္နဲ႔ (၁၆)စကၠန႔္ၾကာၿပီး ၿပိဳင္ဘက္နဲ႔ထိုးသတ္တဲ့အခါမွာေတာ့ စကၠန႔္ (၂၀)နဲ႔အရႈံးေပးလိုက္ရလို႔ပါပဲ။

Photo Credit : Road FC

“မင္း အဆိုေတာ္ပဲ လုပ္သင့္တယ္ ဒီကြင္းထဲမွာ ရွိမေနသင့္ဘူး”လို႔ တခ်ိဳ႕ေတြက ေဝဖန္ေျပာဆိုခဲ့ၾကပါတယ္။ တခ်ိဳ႕ကလည္း Social Media မွာ “ငါ့ရဲ႕အဆိုေတာ္ Idol ႀကီး Heo Jae Hyuk က စကၠန္႔(၂၀)အတြင္း အလဲထိုးခံလိုက္ရတယ္ေဟ့”ဆိုၿပီးေတာ့ အ႐ႊန္းေဖာက္ခဲ့ၾကပါတယ္။