
စတိုးဆိုင်အတွင်းမှ ရေခဲ့မုန့်အားလျှာဖြင့်လျက်ကာ ပြန်ထားခဲ့သောကြောင့် ထောင်ကျခဲ့တဲ့အမျိုးသား
Credit Photo
အမျိုးသားတစ်ဦးဟာ Walmart စတိုးရဲ့ ရေခဲသေတ္တာအတွင်းမှရေခဲမုန့်ဘူးအားယူကာ ဖွင့်ဖောက်လျှာနဲ့လျက်ပြီး ရေခဲသေတ္တာအတွင်းသို့ပြန်ထည့်သော ဗီဒီဖိုင်အားပိုစ့်တင်ခဲ့ရာမှာတော့ သက်ဆိုင်ရာအာဏာပိုင်များမှထောင်ဒဏ် ရက် ၃၀ချမှတ်ခဲ့ပါတယ်။ဒီသတင်းအကြောင်းအရာကိုတော့ NBC သတင်းဌာနမှ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။
Credit Photo
တက္ကဆက် မှာနေထိုင်တဲ့ အသက် ၂၄နှစ်အရွယ် D’Adrien Anderson လို့အမည်ရတဲ့ ထိုအမျိုးသားဟာ ပြီးခဲ့တဲ့နှစ်ဩဂုတ်လက ထိုဗီဒီယိုဖိုင်ကိုဖေ့ဘွတ်ပေါ်တင်ခဲ့တာဖြစ်ပြီး မကြာမီမှာဘဲ သူတစ်ပါးကျိုးစီးပွားဖျက်ဆီးစေမှုအတွက် ဒဏ်ကြေးပေးဆောင်ခဲ့ရပါတယ်။
Credit Photo
Anderson ဟာ သူရဲ့ ပေးဆောင်ရမယ့် ဒဏ်ငွေအတွက် အသနားခံခဲ့သော်လည်း BBC သတင်းရဲ့ အဆိုအရ ဒဏ်ငွေ ဒေါ်လာ ၁၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
Credit Photo
ဒါအပြင် ရေခဲမုန့် ကုမ္ဗဏီ Blue Bell ထံမှ ဒေါ်လာ ၁၅၆၅ တန်ဖိုးရှိ ရေခဲမုန့်တွေလည်းမှာယူပေးခဲ့ရပါတယ်။ရေခဲမုန့်ကုမ္ဗဏီကြလည်း ထိုဖြစ်ရပ်အပြီး ရေခဲသတ္တာအတွင်းရှိ ရေခဲမုန့်တွေ ပြန်လည် လဲထုတ်ခဲ့ကာ နောက်ထပ်အလားတူဖြစ်ရပ်မျိုးတွေမဖြစ်ပွားစေဖို့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ခဲ့ရပါတယ်။
Credit Photo
Anderson ဟာထိုဗီဒီယိုတင်ပြီးနောက် ရေခဲမုန့်ပြန်လည်ဝယ် ယူခဲ့ကြောင်း ကင်မရာမှတ်တမ်းတွေအရသိရတဲ့ အတွက် ပြစ်ဒဏ်လျော့ပေါ့ခဲ့ရတာပါ။ပြီးခဲတဲ့ ဇွန်လကလည်းအလားတူဖြစ်ရပ်မျိုး ကို တက္ကဆက်မှအမျိုးသမီးတစ်ဦးကျူးလွန်ခဲ့ဖူးပြီး သူမကတော့ ကံဆိုးစွာဘဲ Bule Bell ရဲ့ တရားဆွဲဆိုမှုကြောင့် ထောင်ဒဏ်နှစ် ၂၀ ထိချမှတ်ခံခဲ့ရပါတယ်။
Credit Photo