Crush နေရသူအား ကျောက်ကပ်အစားထိုးပေးခဲ့သော်လည်း လက်ထပ်ခွင့်တောင်းတဲ့အခါ ငြင်းပယ်ခံလိုက်ရတဲ့အမျိုးသား

Crush နေရသူအားကျောက်ကပ်အစားထိုးပေးခဲ့သော်လည်းလက်ထပ်ခွင့်တောင်းတဲ့အခါငြင်းပယ်ခံလိုက်ရတဲ့အမျိုးသား

Credit Photo

တစ်စုံတစ်ယောက်ဟာကိစ္စတစ်ခုကိုအလေးနက်ထားစဉ်းစားတတ်သူဖြစ်နေပါစေ အချစ်နဲ့ပက်သက်လာရင်တော့ရူးမိုက်တဲ့ အပြုအမှုတွေလုပ်တတ်ကြပါတယ်။ဒါကတော့သေချာတဲ့ အမှန်တရားတစ်ခုပါ။သင့်အနေနဲ့ သင့်ချစ်သူပျော်ရွင်စေဖို့အတွက် ကြီးမားတဲ့အရာတစ်ခုကိုပေးဆပ်ကာသူ့ရဲ့ ဘဝကိုကယ်တင်လိုက်ပြီး သူအအနေနဲ့ သူငယ်ချင်းအဆင့်ထက်ပြောင်းလဲမသွားဘူးလို့ သင့်အနေနဲ့ခံစားကြည့်လိုက်ပါ။ထိုအခါမှာ သင့်ရဲ့အသဲကတော့ အစိတ်စိတ်အမွှာမွှာကွဲကြေသွားမှာတော့အမှန်ပါဘဲ။

Credit Photo

Simon Louis ခေါ်တဲ့ ထိုအမျိုးသားကတော့ယခုကဲ့သို့အဖြစ်ကိုကြုံခဲ့ရပေမယ့် ဆက်လက်ပြုံးနေနိုင်ဖို့အားတင်နေတုန်းပါ။ Simon Louis ဟာ သူချစ်ရတဲ့အမျိုးသမီးရဲ့ အသက်ကိုကယ်တင်ဖို့ သူရဲ့ ကျောက်ကပ်ကိုအစားထိုးကုသပေးခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ သူဟာသူမအားလက်ထက်ခွင့်တောင်းခဲ့သော်လည်း ငြင်းပယ်ခြင်းကိုခံခဲ့ရပါတယ်။ Simon Louis နှင့် Mary Emmanuelle တို့သည် အင်္ဂလန်ရှိကလပ်တစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီးထိုအချိန်မှစ၍ သူတို့နှစ်ဦးဇာတ်လမ်းကစတင်ခဲ့တာပါ။

Credit Photo

သူတို့နှစ်ဦးဟာ သူငယ်ချင်းထက်တဲ့ ပိုတဲ့ အနေထားတစ်ခုနဲ့နမ်းရှိုက်တာတွေရှိ ခဲ့ကြပေမယ့် သူတို့နှစ်ဦးကတော့ ရိုးရှင်းတဲ့သူငယ်ချင်းတွေအဖြစ်သာရှိနေပါတယ်။(ပရိသတ်တွေသိတဲ့အတိုင်း အနောက်တိုင်းသားတွေက Sex နဲ့ Love ကိုခွဲထားကြပါတယ်)။ Simon ကတော့ Mary ကိုတစ်ဖက်သတ်ကြိတ်ပြီးချစ်နေရသူဖြစ်ပြီး သူမဆီကိုချောကလပ်တွေနှင်းဆီပန်းတွေပို့ကာ အဆင့်တက်ဖို့ကြိုးစားခဲ့ပေမယ့် သူမဘက်ကတော့ကို မိတ်ဆွေတစ်ယောက်ရဲ့ လက်ဆောင်တွေအဖြစ်သာလက်ခံခဲ့ပါတယ်။

Credit Photo

Mary ကတော့ ၈နှစ်အရွယ်သားလေး Dwayne နဲ့သာ အလုပ်များနေခဲ့ကာ အခြားအရာတွေစဉ်းစားဖို့အတွက်လည်းသူမမှာအချိန်မရှိခဲ့ပါဘူး။နှစ်တွေကြာပြီးတဲ့နောက်မှာတော့ Mary ဟာ ကျောက်ကပ်ရောဂါ ကြောင့်ဆေးရုံအမြန်တင်ခဲ့ရကာ ကျောက်ကပ်အစားထိုးကုသနိုင်တဲ့ အခွင့်အရေးရရှိခဲ့ပြီး သူမကိုကျောက်ကပ်အစားထိုးကုသခြင်းဖြင့်ကယ်တင်နိုင်မည်ဟု သတင်းထွက်လာခဲ့ပါတယ်။

Credit Photo

ဒါပေမဲ့လည်း ပြဿနာတစ်ခုပေါ်လာခဲ့ပါတယ်။ဒါကတော့ သူမရဲ့ သွေးဟာရှာဖွေရအလွန်ခက်ခဲတဲ့ B negative ဖြစ်နေတာပါ။ ပြီးတဲ့နောက်မှာတော့ Simonဟာသူမရဲ့ ကျောက်ကပ်ကိုအစားထိုးကုသပေးနိုင်ဖို့အတွက်စတင်စမ်းသပ်ခံပါတော့တယ်။အချက်အလက်များကိုက်ညီပြီးနောက်မှာတော့ နှစ်ဦးစလုံးကို ကျောက်ကပ်အစားထိုးနိုင်ဖို့ ခွဲစိတ်ကုသခဲ့ကြပြီး အောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။

Credit Photo

မကြာခင်မှာဘဲ Simon ကသူမအားလက်ထပ်ခွင့်တောင်းခဲ့ပေမယ့် Maryက မိတ်ဆွေကောင်းတစ်ဦးအဖြစ်သာ မှတ်ယူထားတာမို့ လက်ထပ်ဖို့ကိုငြင်းပယ်ခဲ့ပါတယ်။ သူမဘက်ကအခုလို ငြင်းပယ်ခံခဲ့ရပေမယ့် သူပေးဆပ်တာတွေအတွက်နောင်တမရကြောင်း Simon ကပြောဆိုခဲ့ပါတယ်။ပေးဆပ်ခြင်းတွေနဲ့ချစ်ခဲ့တဲ့ Simon ကတော့ respect ပေးရမယ့် အချစ်သူရဲကောင်းကြီးတစ်ဦးလည်းဖြစ်ပါတယ်။