အိမ်ယာမဲ့တွေအနေနဲ့ မြို့အတွင်းကအမှိုက်တွေကောက်ပေးပါက တစ်နာရီကို ၉.၂၅ ဒေါ်လာရရှိမည့်အခွင့်အရေး

အိမ်ယာမဲ့တွေအနေနဲ့ မြို့အတွင်းကအမှိုက်တွေကောက်ပေးပါက တစ်နာရီကို ၉.၂၅ ဒေါ်လာရရှိမည့်အခွင့်အရေး

Credit Photo

အိမ်ယာမဲ့တွေအနေနဲ့ မြို့အတွင်းကအမှိုက်တွေကောက်ပေးပါက တစ်နာရီကို ၉.၂၅ ဒေါ်လာရရှိမည့်အခွင့်အရေးအား မြို့တော်မှစီစဉ်ပေး အမေရိကန်နိုင်ငံမှ Arkansas မြို့လေးဟာယခုအချိန်မှာလူအများရဲ့အာရုံစိုက်ခြင်းကိုခံနေရပါတယ်။

Credit Photo

ဘာကြောင့်လည်းဆိုတော့ ဒီမြို့လေးဟာ ဘယ်မြို့မှမလုပ်နိုင်တဲ့နည်းလမ်းနဲ့ အိမ်ယာမဲ့တွေကိုကူညီခဲ့ပြီးတော့ တဆက်တည်းမှာဘဲ မြို့ရဲ့ အမှိုက်ပြဿနာကိုဖြေရှင်းပြီးသွာပါတယ်။ဒီမြို့ရဲ့တံတားတွေမှာတော့ ပြီးခဲ့တဲ့နှစ် ဧပြီလမှစကာအမှိုက်နဲ့ ပက်သက်တဲ့ ပြဿနာအနည်းငယ်ရှိလာခဲ့ပါတယ်။

Credit Photo

ဒီအချက်ကဘဲ အိမ်ယာမဲ့ တစ်ဦးခြင်းစီအတွက် လမ်းပေါ်မှအမှိုက်တွေကောက်ရာကနေဝင်ငွေရှာနိုင်ဖို့အခွင့်အရေးတွေရလာခဲ့ပါတယ်။မြို့တော်အနေနဲ့ အိမ်ယာမဲ့တွေအားအမှိုက်တစ်နာရီကောက်ပါက ၉.၂၅ ဒေါ်လာရရှိမယ့်အခွင့်အရေးကိုဖန်တီးပေးခဲ့ပါတယ်။

Credit Photo

ဒီငွေပမာဏဟာ အိမ်ယာမဲ့ တွေအတွက်အလုပ်မရှိတာထက်စာရင် အလွန်တန်တဲ့ ပမာဏလို့ဆိုရမှာဖြစ်ပြီး ဗဟိုအစိုးရရဲ့သတ်မှတ်ထားတဲ့အနည်းဆုံးလုပ်အားခကတောင် ၇.၂၅ ဒေါ်လာ ဘဲရှိတာပါ။

Credit Photo

ဒီမြင့်မားတဲ့လစာကြောင့် အိမ်ယာမဲ့တွေအနေနဲ့ စိတ်ကူးရှိတာတွေအကောင်အထည်ဖော်ခွင့်ရသလို ကျန်းမာရေးအတွက်လည်း ဆေးကုသစရိတ်တွေအသုံးပြုလာနိုင်မှာပါ။ရေရှည်အတွက်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ဖို့အရင်းအနှီးတစ်ခုလည်းဖြစ်လာကာ အိမ်ဌားခတွေလည်းရရှိလာကြပါတယ်။တစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်လမ်းတွေကလည်းသန့်ရှင်းသွားတာကြောင့်နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ အစီစဉ်တစ်ခုလည်းဖြစ်ပါတယ်။

Credit Photo

ဒါပေမယ့် ဒီအစီစဉ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ အကြောင်းအမျိုးမျိုးကြောင့်ကံဆိုးခဲ့ရတဲ့ အိမ်ယာမဲ့တွေရဲ့ဘဝကိုတစ်စိတ်တစ်ဒေသပြောင်းလဲပေးနိုင်ဖို့ရည်ရွယ်ခဲ့တာပါ။ဒီအစီစဉ်အတွက်ကိုမြို့တော်က ဘတ်ဂျက်အနေနဲ့ ဒေါ်လာ ၈၀၀၀၀လောက်သုံးစွဲခဲ့ပါတယ်။ဒီအစီစဉ်စတင်လိုက်တဲ့အချိန်အတောတွင်းမှာတော့ အမှိုက်အိတ် ၂၀၀၀လောက်ကိုစုဆောင်းနိုင်ခဲ့ပါတယ်။