
ဟင်းခွက်ပန်းကန်တွေဆေးကြောခြင်းဟာ စိတ်ဖိစီးမှုတွေကိုလျော့ချနိုင်ကြောင်းလေ့လာတွေ့ရှိ
Credit Photo
ဒီစာကိုမဖတ်ခင်မှာ ကျွန်ုပ် အနေနဲ့ သင့်ကိုမေးစရာမေးခွန်းတစ်ခုရှိပါတယ်။ သင့်တို့အနေနဲ့ ဆေးကြောစရာရှိတဲ့ ပန်းကန်တွေကို မဆေးကြောဘဲ ပုံထားတတ်ပါသလား?ရိုးရိုးသားသားပြောရမယ်ဆို ကျွန်တော်တို့ကဒါတွေကိုချက်ချင်းမဆေးကြပါဘူး။
Credit Photo
သင့်အနေနဲ့လည်းဆေးကြောပါတယ်လို့လည်းဖြေချင်ဖြေမှာပါ။ဒါပေမယ့်စိတ်မပူပါနဲ့ ဒီလိုပုံထားတာသင့်တစ်ယောက်ထဲမဟုတ်ပါဘူး။ကျွန်ုပ်လည်းအတူတူပါဘဲ။အိုးခွက်ပန်းကန်တွေကိုဆေးကြောရတာက အမှန်တကယ်တော့ ငြီးငွေ့စရာကောင်းတဲ့ အိမ်အလုပ်တစ်ခုပါ။ဒါပေမယ့် လေ့လာသူတွေရဲ့ ပြောကြားချက်အရ အိုးခွက်ပန်းကန်တွေကိုဆေးကြောတာက အမှန်တကယ်တော့ လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှုတွေကိုလျော့ချပေးနိုင်ပါတယ်။
Credit Photo
ဒါပေမယ့် ကျွန်တော်တို့ဒီအလုပ်တွေကိုနေ့စဉ်လုပ်နေပေမယ့် ဒီအချက်ကိုတော့ ဘယ်သူမှစဉ်းစားမိမှာမဟုတ်ပါဘူး။(စာဖတ်ပြီးတာနဲ့ ပန်းကန်အမြန်ပြေးဆေးအုံးမှဘဲ)။
Credit Photo
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်တ စ်ခုမှ လေ့လာရေးအဖွဲ့တစ်ခုဟာ ကျောင်းသားပေါင်း ၅၁ ယောက်ရဲ့ ပန်းကန်ဆေးကြောနေတာကိုလေ့လာပြီး ဒီအချက်ကိုအတည်ပြုပြောကြားခဲ့ပါတယ်။
Credit Photo
ထိုလေ့လာရေးအဖွဲ့ရဲ့ ပြောကြားချက်အရ ထိုကျောင်းသားတွေဟာ သူတို့ရဲ့ အိုးခွက်ပန်းကန်တွေကိုဆေးကြောတဲ့အခါ သူတို့ရဲ့ အာရုံစူးစိုက်နိုင်မှုကို ၂၅% ထိတိုးမြင့်ပေးနိုင်သလို စိတ်ပင်ပန်းမှုတွေကိုလည်း ၂၇%ထိလျော့ချပေးနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။(ဥပမာအားဖြင့် ပန်းကန်ဆေးနေစဉ်အတွင်း ဆပ်ပြာရဲ့ အနံအသက်ကိုသတိပြုမိလာတာ၊ရေရဲ့အပူချိန်ကိုခံစားမိလာတာ စတဲ့ အကြောင်းအရာတွေကြောင့်ဖြစ်ပါတယ်)။
Credit Photo