
ပထမအမျိုးသားဆီမှ ရုပ်ဆိုးတယ်၊ဝတယ်လို့ပြောခံရပြီးနောက် ဝိတ်ချကာ အခြားတစ်ယောက်နဲ့လက်ထပ်လိုက်တဲ့ အမျိုးသမီး
Credit Photo
သူမရဲ့ ပေါင်ချိန် ၁၉၀ ပေါင် ကြောင့်ပထမခင်ပွန်းဖြစ်သူမှ “ ရုပ်ကလည်းဆိုး၊ဝကလည်းဝ”ဟုအပြောခံခဲ့ရပါတယ်။Liz Kerslake လို့ခေါ်တဲ့ ထိုအမျိုးသမီးဟာ သူ့ခင်ပွန်းရဲ့ စော်ကားပြောဆိုခံရမှုတွေကိုဒီလောက်နဲ့ ရပ်တန့်သင့်ပြီလို့ ဆုံးဖြတ်ချက်ချကာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။
Credit Photo
သူရဲ့ ပထမ အမျိုးသားထံမှကွာရှင်းပြတ်ဆဲခွင့်ရခဲ့ပြီးနောက်သူမဟာ ချစ်သူအသစ် Nick နဲ့ ဆုံတွေ့ခဲ့ပါတယ်။Nick ကတော့ သူမရဲ့ ပေါင်ချိန်နဲ့ ပက်သက်ပြီး ညိုညင်ခြင်းမရှိသလို ရုပ်ဆိုးတယ်၊ဝတယ်လည်းမပြောခဲပါဘူး။ထိုကြောင့် Liz အနေနဲ့ Nick ကိုလက်ဆောင်တစ်ခုပေးဖို့ ယုံကြည်မှုတွေအပြည့်နဲ့ ဆုံးဖြတ်ခဲ့ပါတော့တယ်။
Credit Photo
Liz ဟာ အစားစာတွေ ကို Diet ဖြစ်အောင်စားသုံးကာ ဝိတ်ချမယ့် အစီစဉ်ကိုစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။သူမရဲ့ဆုံးဖြတ်ချက်ဟာအလွန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး မကြာမီမှာဘဲ အဝတ်စားတွေရဲ့ ဆိုဒ်ကို ၁၀ခုထိလျော့ချနိုင်ခဲ့သလို ပေါင်ချိန်မှာလည်း ၈.၅ ပေါင်အထိကို ကျဆင်းခဲ့ပါတယ်။
Credit Photo
သူမဟာသွယ်လျလှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခဲ့ကာနောက်ထပ် ကိုယ်အလေးချိန်တက်စေမဲ့ အစာတွေကိုရှောင်ခဲ့ပြီး လက်ရှိကိုယ်အလေးချိန်ကိုထိန်းသိမ်းထားခဲ့ပါတယ်။ထိုအချိန်မှာ Nick ကသူမအားလက်ထပ်ခွင့်တောင်းခဲ့ပြီး သူမဘက်ကလည်းလက်ခံခဲ့ပါတယ်။သူမရဲ့ ကြိုးစားမှုရလာဒ်ကြောင့် သူမရဲ့ မင်္ဂလာဆောင်နေ့မှာတော့ ဝပြီးရုပ်ဆိုးတဲ့ ပုံစံကိုစွန့်ပစ်နိုင်ခဲ့ကာ သူမရဲ့ ပထမ ခင်ပွန်းဟာလည်းသူမကိုပြန်လည်ပိုင်ဆိုင်ဖို့ကြိုးစားခဲ့ပါတယ်။
Credit Photo
ယနေ့မှာတော့ သူမနဲ့ Nick လက်ထပ်ခဲ့တာ နှစ်နှစ်ကျော်ကြာခဲ့ပါပြီ။သူမဟာလည်း လက်ရှိပုံစံကောင်းကိုကောင်းကောင်းမွန်မွန် စီမံနေနိုင်ခဲ့ပါပြီ။