ရေပုံမှန်မချိုးလို့ ခင်ပွန်းဖြစ်သူအား ကွာရှင်းချင်နေတဲ့ အိန္ဒိယကအမျိုးသမီး

ရေပုံမှန်မချိုးခြင်းကြောင့် ခင်ပွန်းဖြစ်သူအား ကွာရှင်းချင်နေတဲ့ အိန္ဒိယကအမျိုးသမီး

Credit Photo

အန္ဒိယမှအမျိုးသမီးတစ်ဦးဟာခင်ပွန်းဖြစ်သူထံမှထူးဆန်းသော အကြောင်းပြချက်များနဲ့တရားဝင်ကွာရှင်းချင်နေတဲ့ အကြောင်းအရာဟာသတင်းခေါင်းကြီးပိုင်းမှာပါလာခဲ့ပါတယ်။အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဘိုင်ရှာလီ မှာ နေထိုင်တဲ့ အသက် ၂၀အရွယ်ခင်ပွန်းဖြစ်သူ Soni Devi အား အသက် ၂၃နှစ်အရွယ် ဇနီးဖြစ်သူ Manish Ram မှ ခင်ပွန်းဖြစ်သူမှာ ရေပုံမှန်မချိုးခြင်းကြောင့် သူနဲ့အတူမနေနိုင်တော့တဲ့အကြောင်းကိုပြောပြလာခဲ့ပါတယ်။

Credit Photo

အိန္ဒိယ တိုင်းစ် သတင်းဌာနရဲ့ ဖော်ပြချက်အရ  ကျွန်တောတို့ဇနီးဖြစ်သူပြောကြားချက်ကိုလေ့လာခဲ့တဲ့အခါ သူမရဲ့ခင်ပွန်းဟာ မှုတ်ဆိတ်မွေးပုံမှန်မရိတ်ခြင်း၊ရေမချိုးခြင်းနဲ့ သွားပုံမှန်မတိုက်လေ့ရှိကြောင်းတွေ့ရှိခဲ့ရပါတယ်။ The State Women’s Commission(SWC) အဖွဲ့ကတော့ Manish အားနောက်ဆုံးအနေနဲ့ ခင်ပွန်းသည်ရဲ့ အကျင့်တွေပြင်ဖို့ အချိန် ၂လ ပေးရန် မေတ္တာရပ်ခံခဲ့ပါတယ်။ထိုစုံတွဲကတော့၂၀၁၇ ခုနှစ်ကလက်ထပ်ခဲ့ကြတာပါ။Soni ကတော့ ရေပိုက်ပြင်တဲ့ အလုပ်ကိုလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။

Credit Photo

သူဟာလွန်ခဲ့တဲ့ ၁၀လောက်ကစပြီး ရေချိုးခြင်း နှုတ်ခမ်းမွှေးရိတ်ခြင်းတွေမရှိတော့ပါဘူး။ထိုကြောင့် ဇနီးသည် Manish ကထိုကိစ္စနဲ့ ပက်သက်လို့ ကျန်းမာရေးအရလည်း ညီညွတ်မှုမရှိခြင်း ကြောင့် များစွာခံစားနေရသလို၊ သူမဟာ လူအများကြားမှာ များစွာအရှက်ရနေခဲ့တာကြောင့် သူမအနေနဲ့ ကွာရှင်းတာကအကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

Credit Photo

Manish ရဲ့ ပြောပြချက်မှာတော့ သူရဲ့ခင်ပွန်းကတော့ သူမကိုမကွာရှင်းချင်ပါဘူး၊သူရဲ့ လူနေမှုဘဝပုံစံကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ဖို့ကတိပေးထားတယ်လို့ သိရပါတယ်။

Credit Photo

အချို့အင်တာနက်အသုံးပြုသူတွေကတော့ ဒီလိုကွာရှင်းခွင့်တောင်းတာဟာ အမြင်ကျဉ်းတယ်လို့ ဝေဖန်နေကြပြီး အခြား Comment တွေကလည်း သူမရဲ့ ဆုံးဖြတ်ချက်အတွက်ထောက်ခံခဲ့ကြပါတယ်။