ခြေမသန်စွမ်းသော ဇနီးသည်အား မျက်မမြင် ခင်ပွန်းဖြစ်သူမှနေ့တိုင်းသယ်ဆောင်ကာ အလုပ်အကျွေးပြု

Credit Photo

လူနှစ်ဦးဟာ လက်ထပ်တဲ့ အချိန်မှာ မည်သို့ပင်ကျန်းမာရေးချို့တဲ့နေပါစေ အကောင်းဆုံးဖြစ်အောင်ဘဝကိုဖြတ်သန်းကာ သက်ဆုံးတိုင်အတူနေကြဖို့ ကတိတွေပေးကြပါတယ်။ဘယ်လောက်ဘဲကြီးမားတဲ့အခက်အခဲတွေကြုံနေပါစေ သူတို့ဟာ တစ်ဦးနဲ့တစ်ဦးအချစ်မလျော့ပဲသက်ဆုံးတိုင်ဘဝကို အမှန်တကယ်ဖြတ်သန်းနေကြပါတယ်။ အကောင်းဆုံး ဥပမာတစ်ခုကတော့ အချစ်တွေမလျော့သွားဘဲတစ်ဦးနဲ့တစ်ဦး စွန့်လွတ်အနစ်နာခံကာ ပေးဆပ်နေကြတဲ့ တရုတ်နိုင်ငံ မျက်မမြင်ခင်ပွန်းနဲ့ ခြေမသန်းစွမ်းတဲ့ ဇနီးသည် လင်မယားဘဲဖြစ်ပါတယ်။

Credit Photo

ထိုခင်ပွန်းဖြစ်သူဟာ မသန်စွမ်းတဲ့ဇနီးသည် အားသူရဲ့ကျောမှာနေ့တိုင်းသယ်ဆောင်ကာအလုပ်ကိုသွားရောက်ကြပါတယ်။ထိုကဲ့သို့ နေ့တိုင်းဇနီးသည် ကိုသယ်ဆောင်နေရပေမယ့်သူဘက်ကတော့မေတ္တာလျော့သွားခြင်းမရှိပါဘူး။ထိုပြိုင်ဘက်ကင်းစုံတွဲဟာ တစ်ဦးရဲ့ ချို့ယွင်းချက်ကိုတစ်ဦးက ကူညီကာပျော်ရွင်စွာဖြတ်သန်းနေကြပါတယ်။သူတို့လင်မယားကိုတော့ “ ခြင်းတောင်း စုံတွဲ”လို့လည်းခေါ်ကြပါတယ်။

Credit Photo

Cao Shucai နဲ့ သူ့ရဲ့ ဇနီး Xu Houbi ဟာ Chongqing မြို့ Yong’an ရွာမှာနေထိုင်ကြတဲ့ လယ်သမားလင်မယားဘဲဖြစ်ပါတယ်။Cao ရဲ့ ပြောပြချက်အရ ဇနီးသည် လမ်းလျှောက်နိုင်မှုဆုံးရှုံးတဲ့ ၁၉၈၈ မှစတင်ကာယခုလိုမျိုးခြင်းတောင်းထဲထည့်ကာသယ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဆယ်စုနှစ် သုံးစု နီးပါးလောက်ကို Cao ဟာ Xu သွားချင်တဲ့ဘယ်နေရာမဆို ခြင်းထဲထည့်သယ်ကာပို့ဆောင်ပေးခဲ့တာပါ။

Credit Photo

30cm သာကျယ်ဝန်းတဲ့ လယ်ကွင်းလမ်းလေးမှာတော့ ခင်ပွန်းဖြစ်သူ ပြုတ်မကျအောင် လမ်းညွန်ကာခရီးဆက်နေကြတာပါ။ ထိုလင်မယားရဲ့ သွားလာပုံတွေ ကိုအင်တာနက်အသုံးပြုသူတစ်ဦးမှ ဖေ့ဘွတ်ပေါ် တင်ခဲ့ကာ ကြည့်ရှုသူပေါင်း သန်းချီရှိသွားခဲ့ပါတယ်။အင်တာနက်အသုံးပြုသူ များစွာကလည်း ပုံမှန်မဟုတ်တဲ့အခြေအနေမှာ တစ်ဦးနဲ့တစ်ဦး အချစ်စစ်နဲ့ ချစ်ကြတဲ့ ထိုစုံတွဲအပေါ်မှာ များစွာဂရုဏာသက်နေကြပါတယ်၊။