တစ်သက်မှာ တစ်ခါလောက်သွားရောက် လည်ပါတ်သင့်တဲ့ ကမ္ဘာပေါ်က ထူးခြားတဲ့နေရာများ

“လူ့ဘဝတွင် အပျော်ရွှင်ဆုံးအချိန်သည် အမည်မသိနိုင်ငံများသို့ သွားရောက်လည်ပါတ်ခြင်းပင်ဖြစ်ပါသည်။” လို့  – Sir Richard Burton ကဆိုထားပါတယ်။ ကမ္ဘာကြီးသည် လှပသောနေရာများနှင့် ပြည့်နှက်နေပြီး သင့်ဘဝရဲ့နေ့ရက်များကို မြို့/နိုင်ငံတစ်ခုတည်းတွင်သာ ကုန်ဆုံးရန် ဘဝကတိုတောင်းလွန်းလှပါသည်။ ခရီးသွားခြင်းက သင့်ဘဝအတွက် ရှုထောင့်အသစ်တစ်ခုကို ရရှိစေရုံသာမက အမှတ်တရများစွာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကျွန်ုပ်တို့သည် သင့်တစ်သက်တာတွင် တစ်ကြိမ်လာရောက်လည်ပတ်သင့်သော ကမ္ဘာပေါ်တွင် အဆွဲဆောင်နိုင်ဆုံးနေရာများကို ဖေါ်ပြပေးလိုက်ပါတယ်နော်။

၁။ Pongour ရေတံခွန်၊ ဗီယက်နမ်

Dalat မြို့၏တောင်ဘက် 50 ကီလိုမီတာခန့်အကွာရှိ သဲကန္တာရဧရိယာတွင် တည်ရှိပြီး Pongour ရေတံခွန်သည် မိုင်ပေါင်းများစွာအဝေးမှကြားနိုင်သော ကျယ်လောင်သောအသံများထွက်ရှိသောကြောင့် လူသိများပါသည်။

Credit Photo

၂။ Blue Lagoon Galapagos ကျွန်း၊ အီကွေဒေါ

ကမ္ဘာလှည့်ခရီးသွားများက Blue Lagoon Galapagos ကျွန်းကို တောက်ပသော အပြာရောင်မျက်လုံးအဖြစ် ဖော်ပြကြပါသည်။ တစ်ခုနှင့်တူပါသလား။ အပြာရောင်အနှစ်ပါသော ကြက်ဥတစ်လုံးနှင့် ပိုတူနေပါသည်။

Credit Photo

၃။ ခရမ်းနုရောင် ဥမင်လိုဏ်ခေါင်း၊ ဂျပန်

ဂျပန်မှာ ရင်သပ်ရှုမောဖွယ်ရာ နေရာတွေ အများကြီးရှိတယ်ဆိုတာ ငြင်းစရာမရှိသလို စက္ကန့်ပိုင်းအတွင်း သင့်ကို စွဲဆောင်နိုင်စေမယ့် နေရာတွေထဲမှတစ်ခုဆိုတာ သေချာပါတယ်။

Credit photo

၄။ Whitehaven ကမ်းခြေ၊ သြစတြေးလျ

သူ့နာမည်က Whitehaven ဆိုပေမယ့် White Heaven ( အဖြူရောင်နိဗ္ဗာန် ) နဲ့ ပိုတူပါတယ်။ Whitsunday တစ်လျှောက်တွင်တည်ရှိပြီး ဤလှပသောကမ်းခြေသည် ၎င်း၏သဲဖြူများကြောင့် နာမည်ကြီးပါသည်။

Credit Photo

၅။ Waitomo Glowworm Caves၊ နယူးဇီလန်

ဤလှပသောနိုင်ငံရှိ Waitomo Glowworm ဂူများသည် နှစ်စဉ် လူထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်သောကြောင့် လူသိများသည်။

Credit Photo

၆။ Great Barrier Reef၊ သြစတြေးလျ

ပထမဆုံးအနေနဲ့ လည်ပတ်စရာ နေရာကောင်းတစ်ခုပါပဲ။ ဒုတိယတစ်ခုအနေဖြင့် ထိုနေရာဟာဆိုရင် ဝေလငါးများနှင့် လင်းပိုင်မျိုးစိတ် 30 ကျော်၊ ငါးမျိုးစိတ် 1500 ကျော်၊ လိပ်များနှင့် အခြားရေနေသက်ရှိမျိုးစိတ်များစွာနေထိုင်သည့် ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းတစ်ခုဖြစ်ပါသည်။

Credit Photo

၇။ ဗစ်တိုးရီးယားရေတံခွန်၊ ဇမ်ဘီယာနှင့် ဇင်ဘာဘွေ

အာဖရိကတိုက်ရဲ့ တောင်ဘက်ပိုင်း ဇမ်ဘီယာနိုင်ငံ နှင့် ဇင်ဘာဘွေနိုင်ငံတို့ကြားတွင်တည်ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ်ကိုဖြတ်၍ ဤနေရာသို့သွားခြင်းသည် အနည်းငယ်ခက်ခဲသောကြောင့် ဤနေရာသို့မသွားမီ ခရီးသွားဝန်ဆောင်မှုကုပ္မဏီများနှင့် ဆွေးနွေးသင့်ပါတယ်။

Credit Photo

၈။ Antelope Canyon, United States of America

အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိပြီး အလည်အပတ်လာရောက်မှုအများဆုံးနှင့် ဓာတ်ပုံအရိုက်ခံရဆုံးချောက်ကြီးဖြစ်ပါသည်။ အကယ်၍ သင်သည် စိတ်လှုပ်ရှားဖွယ်ရာအတွေ့အကြုံများကို နှစ်သက်ပါက ဤနေရာကို သွားရန်စဉ်းစားသင့်ပါသည်။

Credit Photo

၉။ Plitvice Lakes အမျိုးသားဥယျာဉ်၊ ခရိုအေးရှား

ခရိုအေးရှားနိုင်ငံအလယ်ပိုင်းတည်ရှိပြီး ၂၉၅ စတုရန်းကီလိုမီတာကျယ်ဝန်းသော သစ်တောကြိုးဝိုင်းသည် နိုင်ငံအတွင်းရှိ ရှေးအကျဆုံးနှင့် အကြီးဆုံးအမျိုးသားဥယျာဉ်များထဲမှ တစ်ခုဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။
လှပသောရေကန်များ၊ ရေတံခွန်များနှင့် ဂူများပါရှိပြီး သင့်အား ကောင်းကင်ဘုံရောက်ရှိသကဲ့သို့ ခံစားရစေမည်ဖြစ်သည်။ ဤနေရာအား ဖော်ပြရန် စကားလုံးများ လုံလုံလောက်လောက် မရှိဟု ကျွန်ုပ်တို့ အပြည့်အဝ အာမခံနိုင်ပါသည်။

Credit Photo

၁၀။ Triglav အမျိုးသားဥယျာဉ်၊ ဆလိုဗေးနီးယား

Triglav အမျိုးသားဥယျာဉ်သည် ဆလိုဗေးနီးယားနိုင်ငံ၏တစ်ခုတည်းသော အမျိုးသားဥယျာဉ်ဖြစ်ပြီး ခရီးသွားများကြားတွင် ကျော်ကြားပါသည်။ ကမ္ဘာတစ်ဝှမ်းက လူတွေကို ဆွဲဆောင်နိုင်တဲ့ မှော်ဆန်တဲ့ နေရာတစ်ခုလို့ သံသယမရှိဘဲ ပြောနိုင်ပါတယ်။ ဒီအမျိုးသားဥယျာဉ်ကို သင်သွားရောက်လည်ပတ်ပြီးတာနဲ့ သင်ဒီမှာ ရက်ပေါင်းများစွာ နေချင်သွားပါလိမ့်မယ်။ ၎င်း၏အလှကိုခံစားခြင်းအပြင် တောင်တက်ခြင်း၊  ဖောင်စီးခြင်းစသည့် လှုပ်ရှားမှုများကိုပြုလုပ်နိုင်ပါသည်။

Credit Photo

၁၁။ Machu Picchu၊ ပီရူး

ပီရူးနိုင်ငံ၏ အလည်အပတ်အများဆုံးနေရာတစ်ခုဖြစ်သည့် Machu Picchu၊ လို့ခေါ်တဲ့ ပျောက်ဆုံးသောမြို့များဟာဆိုရင် ကမ္ဘာ့အံ့ဖွယ်များထဲမှ တစ်ခုဖြစ်ပါသည်။ အကယ်၍ သင်သည် တောင်တက်ခြင်းကိုဝါသနာပါ ပါက Machu Picchu ၏ ခမ်းနားသောရှုခင်းများကို လေ့လာရန် Inka Trail အစီအစဉ်ကို စမ်းကြည့်သင့်ပါတယ်။ ဒါပေမဲ့ လမ်းခရီးမှာဖို့ ၃ ရက်ကနေ ၅ ရက်လောက်ကြာပြီး ၄၅ ကီလိုမီတာ ရှည်တယ်ဆိုတာ သတိရသင့်ပါတယ်။

Credit Photo

၁၂။ ပေါ်တူဂီနိုင်ငံ Algarve ရှိ Benagil ပင်လယ်လှိုဏ်ဂူ

Benagil ကမ်းခြေသည် နိုင်ငံ၏အလှဆုံးကမ်းခြေများထဲမှ တစ်ခုဖြစ်သည်။ ဒီကမ်းခြေရဲ့ထိပ်ဆုံးက Benagol ပင်လယ်လှိုဏ်ဂူပါ။ ဒီဂူကို ကမ်းခြေကနေ ငှားထားတဲ့လှေတွေနဲ့ သွားလို့ရပါတယ်။ ၎င်းသည် နိုင်ငံ၏ ဆွဲဆောင်မှုရှိသော နေရာများထဲမှ တစ်ခုဖြစ်သောကြောင့် ဤလှိုဏ်ဂူသည် လာရောက်လည်ပတ်သူများအမြဲမပြတ်ရှိနေပါသည်။

Credit Photo

၁၃။ St Basil’s Cathedral၊ ရုရှား

ရုရှားနိုင်ငံမော်စကိုမြို့ ရှိရင်ပြင်နီတွင် 1555 မှ 1561 ခုနှစ်အတွင်း တည်ဆောက်ခဲ့သော ကမ္ဘာကျော် St Basil’s Cathedral ကို သင်တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် ဤနေရာ၏ သမိုင်းတန်ဖိုးကို သင်နားလည်နိုင်မှာပါ။ သင်ဟာ သမိုင်းကို ကြိုက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ အလှတရားအတွက် ဒီနေရာကို သွားကြည့်သင့်ပါတယ်။

Credit Photo

၁၄။ မက္ကဆီကိုနိုင်ငံ၊ Puerto Vallarta ရှိ Marietas ကျွန်းများပေါ်မှ ဝှက်ထားသောကမ်းခြေ

ကမ်းခြေကို ဖုံးကွယ်ထားသောကြောင့် သာယာလှပသော နိဗ္ဗာန်လို့ သတ်မှတ်ခံရပါသည်။ ၎င်းကမ်းခြေကို လည်ပတ်ချင်တယ်ဆိုရင်တော့ လိုဏ်ခေါင်းတိုတစ်ခုကနေတစ်ဆင့် ရေကူးရပါမယ်။ လွန်ခဲ့သော ဆယ်စုနှစ်များက မက္ကဆီကိုအစိုးရမှ ထိုကမ်းခြေကို ခရီးသွားဇုန်တစ်ခုအဖြစ်သတ်မှတ်ခဲ့ပြီး ခရီးသွားများ အန္တရာယ်ကင်းစေရန်အတွက် လုံခြုံရေးများလဲ ဖွဲ့စည်းထားခဲ့ပါသည်။

Credit Photo

၁၅။ Skaftafell ရေခဲဂူ၊ အိုက်စလန်

Skaftafell ရှိ Svinafellsjokun ရေခဲမြစ်၏ အေးခဲနေသော ရေကန်ပေါ်တွင် တည်ရှိပြီး အံ့သြဖွယ်ရာကောင်းတဲ့ အတွေ့အကြုံသစ်အတွက် ဤရေခဲလှိုဏ်ဂူအား သွားရောက်လည်ပတ်သင့်ပါတယ်။ ရေခဲဂူများသည် အလွယ်တကူ ပြိုကျတတ်သည်ကို သိထားရမှာဖြစ်ပြီး ဆောင်းရာသီတွင် ဤရေခဲလှိုဏ်ဂူသို့ သွားရောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

Credit Photo