
ယူဂန်ဒါနိုင်ငံမှအမျိုးသမီးတစ်ဦးဟာအကြောင်းပြချက်များစွာနဲ့ ကမ္ဘာ့ကလေးအများဆုံးမွေးနိုင်တဲ့သူအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒီကိစ္စကိုတော့ကျွန်တော် တို့အနေနဲ့ယုံကြည်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် Mariam Nabatanzi ကတော့အမှန်တကယ်ကလေး ၄၄ယောက်ကိုမွေးဖွားခဲ့သူပါ(ဘောလုံးအသင်းနှစ်သင်းစာတောင်နော်)။ဒီကိစ္စဟာဖြစ်နိုင်ပါ့မလားလို့ သင့်အနေနဲ့ မေးကောင်းမေးနိုင်ပါတယ်။
Credit Photo
Mariam ဟာအသက်၁၃နှစ် အရွယ်မှာပထမဆုံး သားဦးအမွှာကိုမွေးဖွားခဲ့ပါတယ်။သူမဟာအသက် ၁၂နှစ် အရွယ်မှာအိမ်ထောင်ပြုခဲ့တာပါ။Mariam ဟာနှစ်မြွှာပူး ၄ကြိမ်၊သုံးမြွှာပူး ၅ကြိမ်နဲ့ လေးမြွှာပူး ၅ကြိမ် အသီးသီးမွေးဖွားခဲ့ပါတယ်။သူမဟာ ယခုအချိန်မှာတော့ အသက်၄၀ရှိပြီး သူမရဲ့ခင်ပွန်းကတော့လွန်ခဲ့တဲ့ ၄ နှစ်ထဲကသူမဘဝထဲကထွက်သွားပြီပဲဖြစ်ပါတယ်။ သူမကတော့ယခုအချိန်မှာကလေး ၃၈ယောက်အားသူမရဲ့လက်အောက်မှာထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။Mariam ကတော့မိသားစုကိုထောက်ပံနိုင်ဖို့တနေ့ကိုမတူညီတဲ့အလုပ်သုံးခုထိလုပ်ကာခက်ခဲစွာကြိုးစားရှာဖွေလျက်ရှိပါတယ်။
Credit Photo
ဒါပေမယ့်လို့သူမဟာကလေးတွေအားလုံးကိုတော့ ကျောင်းထားပေးနိုင်ပါတယ်။“သူတို့တွေဟာ ချို့ချို့တဲ့တဲ့ နေနေရပေမယ့်၊ အားလုံးကတော့ကျောင်းသွားနိုင်ကြပါတယ်”ဟု Mariam မှပြောကြားခဲ့ပါတယ်။ဒေါက်တာရဲ့ ပြောပြချက်မှာတော့ Mariam မှာ အမှန်တကယ်တော့ကြီးမားလွန်းလှတဲ့သားအိမ်ရှိပါတယ်။ ကံဆိုးချင်တော့ သူမသာ ကလေးမွေးတာကို ထိန်းချုပ်လိုက်မယ်ဆိုရင် ကျန်းမာရေး ပြဿနာတွေကို အစပျိုးသလိုဖြစ်လာမှာပါ။
Credit Photo
ဥပမာတစ်ခု ကတော့ သူမဟာ ၁၈ယောက်မြောက် ကလေးမွေးပြီးတဲ့အချိန်မှာ သူမခံစားနေရတဲ့ ကိုမာ ရောဂါကို အဆုံးသတ်နိုင်ခဲ့တာပါ။ Mariam ကတော့ “ အရာအားလုံးက ခက်ခဲတယ်ဆိုပေမယ့် ဒီကလေးတွေ ကို အကောင်းဆုံးပြုစုပျိုးထောင်သွားမှာပါ၊ သူတို့တွေဟာ ကျွန်မအတွက်တော့ ဘုရားကပေးတဲ့ လက်ဆောင်တစ်ခု ပါဘဲ”လို့ Dr, Charles Kiggundu နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
SHL