ဓါတ်ပုံရိုက်ရင်း အမှတ်မထင် ဓါတ်ပုံထဲမှာ ပါလာတဲ့ ဝိဉာဉ်များ

ဓာတ်ပုံပညာကို ၁၉ ရာစုကတီထွင်ခဲ့ပြီးကတည်းက အပျော်တမ်းနှင့်ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာများသည် သူတို့၏ကင်မရာများ နှင့်ပုံရိပ်များကို ဖမ်းယူရန်ကြိုးစားခဲ့ကြပါသည်။ အလှပုံများ ရှုခင်းပုံများ လူတို့ရဲ့အမှတ်တရပုံများအပြင် ထင်ရှားသောသမိုင်းတွေကိုလဲ ဓါတ်ပုံများဖြင့်မှတ်တမ်းတင်ခဲ့ကြပါတယ်။ တစ်ချို့သော် ဓါတ်ပုံများတွင် လူတွေမမြင်နိုင်တဲ့ ပရလောကသားလို အရာတွေဟာ ပါဝင်လာတတ်ကြပြီး ထိုအရာတွေဟာ ဘာကြောင့် ဘယ်လိုပါဝင်လာလဲ ဘယ်လိုပုံရိပ်ထင်နေတာလဲဆိုတာ အဖြေမရှိသေးပါဘူး ယခုဖေါ်ပြပေးမှာကတော့ ဓါတ်ပုံထဲမှာ မထင်မှတ်ပါဝင်လာတဲ့ ဧည့်သည်တွေကြောင်းဘဲဖြစ်ပါတယ်။

၁. ” ကျနော့် ညီနှင့်သူကောင်မလေးတို့အိမ်ကိုလာလည်တဲ့ညက ကျနော့်အမေက သူ့ဖုန်းနဲ့ သူတို့ကို ဓါတ်ပုံတစ်ပုံရိုက်လိုက်ပါတယ်၊ ပြီးတော့ အပုံပြန်ကြည့်တဲ့အခါမှာ ကျနော်ညီက ပြတင်းပေါက်နားက ပုံရိပ်ကို လက်ညှိုးထိုးပြမှသတိထားမိခဲ့ပါတယ်၊ ထိုအရာက ကျနော်တို့ရဲ့ လှပတဲ့ မြင်ကွင်းကို ပျက်စီးစေခဲ့ပါတယ် ” လို့ဓါတ်ပုံပိုင်ရှင်ကရေးထားပါတယ်။

Credit Photo

၂. ” ဒါကတော့ကျနော့်ဦးလးရဲ့ပုံပါ တစ်နေ့မှာ သူကဘားကပြန်လာပြီး သချိုင်းတစ်ခုက အုတ်ဂူပေါ်ကအိပ်နေတာပါ၊ကျနော့်အမေက သူ့ကိုသွားခေါ်လာရတယ် အရက်ကဘဲ ဒါတော်တော်ပညာမဲ့တာဘဲကျနော်တို့ကို သူ့လိုဆုံးဖြတ်ချက်မျိုးချဖို့ လှုပ်ဆော်ပေးနိုင်တာပါ “လို့ ပြောထားပါတယ်။ကဲဓါတ်ပုံကို ကြည့်လိုက်ရအောင်ပါ

Credit Photo

၃. ဒီပုံကတော့ မန်ဆာချူးဆက်ပြည်နယ်က တက္ကသိုလ်ကျောင်းသားတွေ သချိုင်းဆိုင်းဘုတ်ကို ပုံရိုက်ရင်းနဲ့ အမှတ်မထင်ပါလာတဲ့ပုံပါ အဝိုင်းပြထားတဲ့နေရာနားမှာ မျက်နှာလိုလိုပုံ သဏ္ဍန်တစ်ခုကို မြင်တွေ့ရမှာပါ၊

Criedit Photo

၄. ” ဒီပုံကတော့ ကျမချစ်သူ ကရှေးဟောင်းသချိုင်းတစ်ခုမှရိုက်ယူထားတာဖြစ်ပြီး ထိုအရာက ရှင်းလင်းပြတ်သားနေပါတယ် ပြီးတော့ ပုံကိုအနီးကပ်ဆွဲကြည့်လိုက်ရင် ပိုပြီးကြောက်စရာကောင်းပါတယ် “လို့ပို့စ်ပိုင်ရှင်ကရေးထားပါတယ်၊ ဒီအရာကရော ဘာဖြစ်နေမလဲ

Credit Photo

၅. ဒီအပုံကတော့ မင်္ဂလာဧည့်ခံပွဲတစ်ခုမှ ဧည့်ခံစားပွဲပေါ်က ဘီယာပုလင်းပေါ်မှာ အရိုးခေါင်းပုံစံ ပုံရိပ်ပေါ်နေတာပါ။

Credit Photo

၆. ဒီအပုံကတော့ စွန့်ပစ်ဆေးရုံတစ်ရုံမှ ရိုက်ယူထားသောပုံဖြစ်ပြီး ပုံထဲမှာတော့ အမျိုးသမီးတစ်ယောက်ပုံစံကိုထင်ထင်ရှားရှားမြင်တွေ့ခဲ့ရတာပါ။

Credit Photo

၇. ဒီပုံကတော့ အမေရိကန်နိုင်ငံတောင်ကယ်ရိုလိုင်းနား က ဖရန့်ကျွန်းပေါ်တွင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်၊ ” ကျနော် ကားပြတင်းပေါက်ကနေအမှတ်မထင်ရိုက်လိုက်မိတာပါ  ပြီးတာ့ အဲဒီနားက ကော်ဖီဆိုင်မှာ ကားရပ်ကာ ထိုင်ရင်း ဝိတ်တာမေးလိုက်တဲ့အခါမှာတော့ သူက အဲဒီပုံရိပ်ကိုတော်တော်များများမြင်ဖူးကြောင်းပြန်ပြောပါတယ် ” လို့ဆိုထားပါတယ်၊ ထိုကျွန်းဟာ သရဲအလွန်ခြောက်တယ်လို့လဲနာမည်ကြီးပါတယ်။

Credit Photo