
Felicity Kadlec သည် သူမ၏ ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံးကို ဇွန်ဘီအရုပ်ဖြင့် ကုန်ဆုံးမည်ဟု ကတိပြုခဲ့ပါသည်။ကြောက်မက်ဖွယ်ကောင်းပီး၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ဇွန်ဘီရုပ်ကို သူမ အသက် 13 နှစ်တွင် လက်ဆောင်ရရှိခဲ့တာပါ။ “ သူမရဲ့လက်မောင်းမှာ သူ့ရဲ့နာမည်ကို တက်တူးထိုးထားတယ်” ဟု မက်ဆာချူးဆက်ပြည်နယ် အိုကလာဟိုးမားမြို့မှ Felicity Kadlec က သူ့ရဲ့သတို့သားဖြစ်တဲ့ ဇွန်ဘီအရုပ်လေး Kelly Rossi ရဲ့အကြောင်းကိုပြောပြပါတယ်။

Felicity ရဲ့ အဆိုအရ သူမမှာ လူချစ်သူတွေရှိခဲ့ပေမယ့် Kelly လိုမျိုး သူမကို ပျော်ရွှင်အောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူးတဲ့။ သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေက ထူးဆန်းဆန်းပြမူနေတဲ့ သူ့ရဲ့အမူအရာကို အမျိုးမျိုးဝေဖန် တားမြစ်နေပေမဲ့လဲ သူမဟာ ထိုဇွန်ဘီအရုပ်လေးနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့တယ်လို့ သူမက ဆိုပါတယ်။

2018 ခုနှစ် စက်တင်ဘာလမှာတော့ Kelly နဲ့ Felicity တို့ဟာ လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။ ကြီးကျယ်သောနေ့ကို Rhode Island၊ Tiverton တွင်ကျင်းပခဲ့သည်။ ပုံမှန်မင်္ဂလာပွဲများကဲ့သို့ပင် မင်္ဂလာဝတ်စုံများဖြင့် ပွဲတက်ခဲ့ကြပါသည်။ Felicity သည် လှပသော အဖြူရောင်ဂါဝန်ကို ၀တ်ဆင်ထားပြီး Kelly သည် tuxedo ကို ၀တ်ဆင်ထားခဲ့ပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲကို အသိအမှတ်ပြုရန်အတွက် အရာရှိတစ်ဦး၊ လက်ထပ်ထိမ်းမြားလက်စွပ်နှစ်ကွင်း၊ ကြောက်စရာကောင်းသော အခြားဇွန်ဘီအရုပ် ရှစ်ရုပ်တို့နှင့်အတူ Felicity ၏ ဆွေမျိုး လေးယောက်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ထိုမင်္ဂလာပွဲအတွက် $500 ကုန်ကျခဲ့သော်လည်း Felicity က လှပပြီး ပြီးပြည့်စုံသော မင်္ဂလာပွဲအတွက် သက်သာသောစျေးနှုန်းဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

Felicity Kadlec ၏ မိဘများနှင့်အသိမိတ်ဆွေများက ဇွန်ဘီအရုပ်ကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ကြဘဲ အမြဲတစေ ဝေဖန်တားမြစ်နေကြကြောင်းနှင့် ထိုသို့ တားမြစ်မှုများက သူတို့ရဲ့ချစ်ခြင်းကို မခွဲနိုင်ခဲ့ကြောင်းကို Felicity Kadlec က ” “ကျွန်မကို တကယ့်လူသားတစ်ယောက်နဲ့ အတူရှိသင့်တယ်လို့ သူတို့ထင်တာ သိပါတယ်၊ ဒါပေမယ့် ကျွန်မအတွက်တော့ Kelly က တကယ့်အဖေါ်မွန်ပါပဲ” လို့ သူမက ဆိုပါတယ်။ “ကျွန်မတို့ရဲ့ဆက်ဆံရေးကို သူတို့ ဘယ်လိုထင်မြင်နေပါစေ သူက ကျွန်မကို ပျော်ရွှင်စေပြီး ကျွန်မက သူ့ကိုချစ်တယ်၊ သူလဲကျမကို ချစ်မှာပါ ဒါပဲ အရေးကြီးတယ်” ဟုသူမကဆိုပါတယ်။

ထိုသို့ထူးထူးဆန်းဆန်း အိမ်ထောင်ပြုပြီးနောက်၊ နောက်ထပ်သူမရဲ့ အိပ်မက်မှာ ဇွန်ဘီရုပ်နှင့် ကလေးတစ်ဦးမွေးဖွါးသွားရန်ပင်ဖြစ်ပြီး သုက်ပိုးလှူဒါန်းသော သုတ်ပိုးဘဏ်သို့ သွားရောက်လည်ပတ်ရန်ဖြစ်ကြောင်း အသက် 21 နှစ်အရွယ် က ပြောကြားခဲ့ပါတယ်။

Video ကြည့်ရန်