
ကမ္ဘာမြေရဲ့ ဆွဲငင်အား နိယာမအရ မတူတဲ့ ခန္ဓာနှစ်ခုဟာတစ်ခုနဲ့တစ်ခုဆွဲဆောင်မှုရှိပြီး ဒါကလည်းကမ္ဘာကြီးနဲ့ဆက်စပ်မှုရှိနေပါတယ်။ဒါပေမယ့် ဒီဥပဒေသတွေမသက်ရောက်တဲ့နေရာအချို့ဟာကမ္ဘာကြီးပေါ်မှာတည်ရှိနေပါတယ်။ယခုဆောင်းပါးထဲမှာတော့ ကမ္ဘာမြေရဲ့ ဆွဲငင်အားတွေမသက်ရောက်တဲ့နေရာငါးခုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)Saint Ignace Mystery Spot, Michigan, USA

ပြောကြားချက်တွေအရတော့ ကွင်းဆင်းလေ့လာသူအချို့မှာ ၁၉၅၀ခုနှစ်တုန်းက ထိုနေရာကိုသွားရောက်လေ့လာခဲ့တယ်လို့ဆိုကြပါတယ်။သူတို့ဒီနေရာကိုရောက်တဲ့အချိန်မှာ သူတို့ရဲ့စက်ကိရိယာတွေအားလုံးဟာ အလုပ်မလုပ်တော့ပါဘူး။သူတို့စမ်းသပ်မှုပြုလုပ်ခဲ့တဲ့လေ့လာတွေ့ရှိချက်တွေအရ ပေ ၃၀၀ အချင်းရှိတဲ့ နေရာအကျယ်အဝန်းအတွင်းမှာ ဒီသက်ရောက်မှုဖြစ်ပေါ်နေတာကိုတွေ့ရှိခဲ့ကြပါတယ်။ဒီနေရာမှာတော့ အမြင့်ကိုလိမ့်ပြီးသွားလို့ရသလို နံရံပေါ်မှာလည်း ဟန်ချက်ညီစွာရပ်နိုင်ပါတယ်။
(၂)Mystery Spot, Santa Cruz, California

ဒီနေရာကတော့ Santa Cruz သစ်တောရဲ့အပြင်ဘက် အချင်းပေ ၁၅၀ ရှိတဲ့ စက်ဝိုင်းအတွင်းမှာတည်ရှိနေပါတယ်။ဒီနေရာမှာတော့လမ်းလျှောက်တဲ့သူများဟာစောင်းတဲ့အနေထားနဲ့လမ်းလျှောက်နေကြရပါတယ်။လူအများအပြားဟာ ပဟေဠိဆန်သောထိုနေရာရဲ့ခံစားချက်ကို ခံစားလိုတာကြောင့် ထိုနေရာကိုကြိမ်ဖန်များစွာလာရောက်လည်ပတ်ကြပါတယ်။
(၃)Hoover ရေကာတာ၊ Nevada, USA

အကယ်၍သင်ဟာ အမေရိကန် Nevada က Hoover ရေကာတာ ကိုသွားရောက်လည်ပတ်ဖြစ်ပါက ထိုရေကာတာပေါ်မှာ ရေဘူးတစ်ခုရေသွန်ချပြီး စမ်းသပ်ချက်တစ်ခုကိုလုပ်ဆောင်နိုင်ပါတယ်။ထိုအခါထည့်တဲ့ရေတွေဟာ အောက်ကိုမဆင်းဘဲ အပေါ်ကိုဘဲတက်နေတာကိုတွေ့ရမှာပါ။ထိုဖြစ်ရပ် ဟာရေကာတာရဲ့ အလွန်အားကောင်းတဲ့ ပုံစံနဲ့တည်ဆောက်ထားလို့ဖြစ်ရတာလို့ဆိုပါတယ်။ထိုအချက်ဟာ လေရဲ့သယ်ဆောင်မှုကြောင့်ရေတွေထိုကဲ့သို့ အပေါ်ကိုတက်နေတာလို့လည်းထင်ကြေးပေးကြပါတယ်။
(၄)သံလိုက်တောင်ကုန်း Leh Ladakh အိန္ဒိယ

ထိုတောင်ကုန်းဟာ အိန္ဒိယနိုင်ငံ Leh-Kargil-Baltik ရဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာတည်ရှိကာ ကားတွေသူ့အလိုလို ကုန်းတက်ကိုတက်နေနိုင်တဲ့ သံလိုက်ဓာတ်တွေရှိတယ်လို့ဆိုပါတယ်။အချို့တွေရဲ့ဖော်ပြချက်အရ ထိုနေရာကို ဖြတ်ပြီး ပျံသန်းတဲ့လေယာဉ်တွေတောင်မှ ထိုနေရာရောက်ရင် အမြင့်ကိုပျံတက်ကြရတယ်လို့ဆိုပါတယ်။အချို့ကတော့ ထိုအချက်တွေကိုယုံကြည်နေကြပေမယ့် အချို့ကလည်း တောင်ဆင်းကုန်းတွေဟာ တောင်တက်ကုန်းတွေပုံစံထင်ယောင်ထင်မှားဖြစ်နေတာကြောင့်ဆိုထင်နေကြပါတယ်။ဒီလိုတောင်ကုန်းတွေကတော့ ဒီနေရာတစ်ခုတည်းမှာတင်မဟုတ်ဘဲ ကျွန်တော်တို့မြန်မာနိုင်ငံ အပြင်ကမ္ဘာ့ တစ်ခြားနိုင်ငံအနှံ့အပြားမှာလည်းတည်ရှိပါတယ်။
(၅)ဖာရိုကျွန်းစုက ရေတံခွန်

ဒီရေတံခွန်ကတော့ ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်းဘဲရေတွေဟာ အပေါ်သို့ပျံတက်နေကာ ဒီနေရာကတော့ ဖာရိုကျွန်းစုမှာတည်ရှိပါတယ်။ကမ္ဘာပေါ်မှာတော့ ထိုရေတံခွန်လိုမျိုးများစွာရှိပြီး ရေတွေအပေါ်သို့ပျံတက်နေရခြင်းရဲ့နောက်ကွယ်ကစွမ်းအားဟာလေဖြစ်ပါတယ်။ထိုနေရာမှာကမ္ဘာမြေရဲ့ဆွဲအားသိပ်ပြီးမသက်ရောက်တာမို့လေကြောင့်ရေတွေအပေါ်ကိုပျံတက်နေတာဖြစ်ပါတယ်။