လိပ်တွေနဲ့ပက်သက်တဲ့စိတ်ဝင်စားစရာအချက်(၁၀)ချက်

လိပ်တွေဟာတွားသွားသတ္တဝါအမျိုးအစားဖြစ်ပြီးသူတို့တွေဟာလည်းအခြားတွားသွားသတ္တဝါတွေကဲ့သို့ဘဲတည်ရှိနေခဲ့တာနှစ်ပေါင်းများစွာကြာပြီဖြစ်ပါတယ်။ပထမဆုံးလိပ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၁သန်းကနေ ၂၅၁သန်းကြားရှိမယ်လို့ ယူဆနေကြပါတယ်။ယခုဖော်ပြပေးမှာကတော့လိပ်နဲ့ပက်သက်တဲ့စိတ်ဝင်စားစရာအချက် (၁၀)ချက်ဘဲဖြစ်ပါတယ်။

(၁)လိပ်တွေဟာကျောရိုးရှိသတ္တဝါတစ်ကောင်ဖြစ်ပါတယ်

credit image to original uploader

လိပ်တွေမှာအရိုးဖွဲ့စည်းပုံစနစ်ပါရှိပြီးတော့ သူတို့ရဲ့ကိုယ်ခန္ဓာကိုယ်ကို မာကျောတဲ့အခွံအောက်မှာဖုံးကွယ်ထားပါတယ်။ထိုလိပ်ရဲ့ အခွံမာထဲမှာအရိုး ၅၀ခန့်ပါဝင်နေပါတယ်။နံရိုးကျောရိုးနဲ့ ပခုံးရိုးတွေအားလုံးဟာ မာကျောတဲ့လိပ်ရဲ့အခွံမှာပုံစံအဖြစ်တည်ရှိနေကြတာပါ။

(၂)လိပ်တွေဟာဆောင်းခိုကြပါတယ်

credit image to original uploader

အချို့လိပ်များဟာ မြွေနဲ့ ဝက်ဝံတွေလိုဘဲ ဆောင်းခိုတတ်ကြပါတယ်။ထိုလိပ်တွေဟာ နှစ်တိုင်းလိုလို သူတို့ရဲ့ ဆောင်းရာသီကိုတွင်းထဲမှာခိုအောင်းကာကုန်ဆုံးတတ်ကြပါတယ်။ပင်လယ်လိပ်တွေကတော့ ဆောင်းရာသီရောက်လာတဲ့ ပင်လယ်ရေနက်ထိဆင်းကာ ဆောင်းခိုပြီး နွေရာသီရောက်မှသာအပေါ်ကိုပြန်တတ်လာကြပါတယ်။

(၃)လိပ်တွေဟာသက်တမ်းကြာရှည်စွာနေထိုင်တဲ့သတ္တဝါတွေပါ

credit image to original uploader

အကယ်၍လိပ်တွေရဲ့နေထိုင်တဲ့နေရာဟာသင့်တင့်သောအပူချိန်နဲ့ စိုထိုင်းဆတွေရှိနေမယ်ဆိုပါက သူတို့ဟာဆယ်စုနှစ်ပေါင်းများစွာအသက်ရှင်နိုင်ပါတယ်။အကယ်၍မိမိအိမ်မှာ စနစ်တကျထိန်းသိမ်းမွေးမြူနိုင်ရင်လည်း သူတို့ဟာအသက်ရှည်စွာနေထိုင်နိုင်ပါတယ်။သူတို့ဟာအသက်၁၅၀ထိအသက်ရှင်နိုင်ပါတယ်။

(၄)လိပ်တွေဟာ ဥဥခြင်းနည်းလမ်းနဲ့မျိုးပွားကြပါတယ်

credit image to original uploader

အခြားပင်လယ်သတ္တဝါတွေနဲ့မတူတဲ့ထူးခြားချက်ကတော့ လိပ်တွေဟာ ဥ ဥချင်တဲ့အခါ ကမ်းခြေကိုလာပြီး တွင်းတွေတူးကာသူတို့ရဲ့ ဥ တွေကို ထိုတွင်းတဲ့ လာဥကြတာပါ။ဥ ဥပြီးရင်တော့ ထိုလိပ်မိခင်ဟာ သူရဲ့ ဥတွေကို ကျွေးမွေးစောင့်ရှောက်ဖို့အတွက် ပြန်မလာကြတော့ပါဘူး။ဥ ကနေ ပေါက်လာတဲ့ အကောင်ပေါက်လေးတွေကတော့ ဥ ကထွက်လာတာနဲ့ချက်ချင်း ရေထဲကို ဆင်းကာ သူတို့ဘဝရှင်သန်ဖို့အတွက် ကိုယ်တိုင်ရုန်းကန်ကြရပါတယ်။

(၅)လိပ်တွေမှာသွားမရှိကြပါဘူး

credit image to original uploader

လိပ်တွေဟာမာတဲ့အရာတွေကို စားနေကြသော်လည်းသူတို့မှာသွားတွေမရှိကြပါဘူး။သွားအစားသူတို့မှာ မာကျောတဲ့အရိုးနုပါဝင်တဲ့မေးရိုးဖြင့်သာသူတို့ရဲ့ အစာတွေကိုဝါးကာစားသောက်နေတာပါ။

(၆)လိပ်တွေဟာအစုံစားသောက်တဲ့သတ္တဝါတွေပါ

credit image to original uploader

လိပ်တွေဟာအစုံစားတယ်ဆိုပေမယ့်လည်းသူတို့ နေထိုင်နေရာဒေသကိုလိုက်ပြီးတော့ စားသုံးမှုတွေကွဲပြားနိုင်ပါတယ်။ဥပမာအားဖြင့်ရေမှာနေတဲ့လိပ်တွေရဲ့အစားအစာကတော့ ရေညှိရေမှော်တွေနဲ့ ပင်လယ်သတ္တဝါအသေးလေးတွေကသူတို့အစာတွေဖြစ်နိုင်ပါတယ်။ကုန်းပေါ်မှာနေတဲ့လိပ်တွေဆိုရင်တော့ရွေးချယ်စရာတွေများပြီး အသီး၊အရွက်နဲ့ တီကောင်တွေဟာသူတို့အစာတွေဖြစ်နိုင်ပါတယ်။

(၇)ရေထဲမှာနေတဲ့လိပ်တွေလည်းဘဲကုန်းမြေလိုအပ်ပါတယ်

credit image to original uploader

ရေနေအိမ်မွေးလိပ်တွေကို ထုံးစံအတိုင်းကျွန်တော်တို့တွေဟာလေးထောင့်ကန်ထဲမှာရေဖြည့်ပြီးထည့်ထားတတ်ကြပါတယ်။ရေနေလိပ်ဆိုတော့ကျွန်တော်တို့ဟာအချိန်ပြည့်ရေကူးနေမယ်ထင်ကာထည့်ထားကြတာပါ။ရေနေလိပ်တွေဟာသူတို့ကိုယ်ထဲကပိုးမွှားတွေကိုဖယ်ရှားဖို့အတွက် ကုန်းပေါ်တက်ကာအခြောက်ခံမယ့်နေရာလိုအပ်ပါတယ်။

(၈)လိပ်တွေဟာ တစ်ကောင်နဲ့တစ်ကောင်ဆက်သွယ်ဖို့အတွက်အသံပေးကြပါတယ်

credit image to original uploader

လိပ်တွေကတော့ အခြားသတ္တဝါတွေလိုကျယ်လောင်တဲ့အသံတွေမရှိပေမယ့် အခြားရည်ရွယ်ချက်တစ်ခုအတွက်တော့ အသံပြုလုပ်နိုင်ကြပါတယ်။ဒီအသံတွေကိုတော့လူတွေသေချာမကြားနိုင်ကြပါဘူး။ဘာကြောင့်ဆိုသူတို့အသံပြုတဲ့အသံဟာ အကွာအဝေးအရမ်းတိုလို့ပါ။သူတို့ရဲ့ထိုအသံတွေကိုတော့ ကြောက်စိတ်တွေဖြစ်ပေါ်တဲ့အခါနဲ့ မိတ်လိုက်တဲ့အခါတွေမှာ ပြုတတ်ကြပြီး ကြောင်သံလို မြွေတွေရဲ့ ရှုးရှဲပြုတဲ့အသံမျိုးဖြစ်ပါတယ်။

(၉)Salmonellosis ဘတ်တီးရီးယားတစ်မျိုးဟာ လိပ်တိုင်းမှာရှိပါတယ်။

credit image to original uploader

Salmonellosis ဟာ ဘတ်တီးရီးယားတစ်မျိုးဟာ လိပ်တိုင်းမှာရှိတဲ့ မွေးရာပါဘတ်တီးရီးယားတစ်မျိုးဖြစ်ပြီး သူတို့ရဲ့ ကျန်းမာရေးအတွက်တော့အန္တာရာယ်မရှိပါဘူး။ထိုဘတ်တီးရီးယားဟာ သူတို့ရဲ့ အူလမ်းကြောင်းအတွင်းမှာရှိနေကာ ပုံမှန်အားဖြင့်သူတို့စွန့်လိုက်တဲ့မစင်ထဲမှာပါသွားပါတယ်။ထိုဘတ်တီးရီယားကို လူ၊ခွေးနဲ့ကြောင်တွေမှာ တွေ့ခဲ့မယ်ဆိုရင်တော့ အူလမ်းကြောင်းနဲ့ အစာခြေစနစ်အတွက် ရောဂါတွေဖြစ်စေနိုင်တာကြောင့် လိပ်တွေကိုကိုင်ပြီးတဲ့ အခါချက်ချင်းလက်ဆေးဖို့လိုအပ်ပါတယ်။

(၁၀)လိပ်အချို့ဟာကျွမ်းကျင်အဆင့်ရှိတဲ့ရေငုတ်သူတွေပါ

credit image to original uploader

မှတ်တမ်းတွေအရတော့ လိပ်တွေဟာ ရေအောက် အနက် ၁၂၀၀မီတာ(ပေ ၄၀၀၀)အထိကိုရေငုတ်နိုင်တယ်လိုဆိုပါတယ်။