
မကြာသေးမီကပြုလုပ်ခဲ့သောစစ်တမ်းတစ်ခုအရ တိုင်းပြည်တစ်ခုအတွင်း၌ အကြမ်းဖက်မှုနှင့်သူပုန်သတိပေးချက်များ၊စာတိုများ ဗီဒီယိုနှင့်ဓာတ်ပုံများ၊အဖြစ်အပျက်များနှင့်သေဆုံးမှုအရေအတွက်တို့ကိုစစ်ဆေးပြီးနောက် ကမ္ဘာ့အန္တရာယ်အရှိဆုံးနိုင်ငံများစာရင်းကို အောက်ပါအတိုင်းဖော်ပြပေးထားပါတယ်။
(၁)အီဂျစ်နိုင်ငံ

၂၀၁၁ ခုနှစ်၌သမ္မတဟိုစနီမူဘာရက်အားဆန့်ကျင်သောအကြမ်းဖက်ဆန္ဒပြမှုများသည် ပိရမစ်များကိုကြည့်ရန်ရောက်ရှိလာသောခရီးသွားများ၊ နိုင်းမြစ်ကိုလာရောက်ကြည့်ရှူကြသောခရီးသွားနှင့် ကမ်းခြေများတွင် နေရောင်အောက်အပန်းဖြေနေကြသောခရီးသွားများကိုခြောက်လန့်စေခဲ့ပါတယ်။နိုင်ငံရေးမငြိမ်မသက်မှုများ၊ မီးပုလင်းများ၊ သေနတ်နှင့်မျက်ရည်ယိုဗုံးများသည်နေရာအတော်များများတွင်တွေ့ရလေ့ရှိပါတယ်။ပြီးခဲ့သည့် နှစ်အနည်းငယ်လောက်ကလည်း သေနတ်သမားအချို့ဟာ ကမ်းခြေရှိ ဗြိတိန်စုံတွဲကို ပြန်ပေးဆွဲခဲ့ကြပါတယ်။ ထို့ပြင်လူရမ်းကားအချို့ဟာ ကိုင်ရို ရှိ လုံခြုံစိတ်ချရသော အဆင့်မြင့် ဟိုတယ်တစ်ခုအား တိုက်ခိုက်၍ ၎င်းအားပိတ်ပစ်ခိုင်းသည်အထိ ဖြစ်ခဲ့ရပါတယ်။၂၀၁၂ ခုနှစ်ကအားကစားကွင်းတစ်ခုတွင်ဖြစ်ပွားခဲ့သောအဓိကရုဏ်းကြောင့်ဘောလုံးပရိသတ် ၂၁ ဦး အား သေဒဏ်ချမှတ်မှုအပေါ်ဆူပူမှုများလည်းရှိခဲ့ပါတယ်။အကြမ်းဖက်မှုများ၊ ရာဇ ၀တ်မှုများ၊လမ်းေပါ်၌ မတော်တဆမှုများ အထိ အီဂျစ်ဟာ ပါကစ္စတန်နှင့်ယီမင်နိုင်ငံတို့၏စံနှုန်းများသို့တဖြည်းဖြည်းရောက်ရှိနေပြီဖြစ်ပါတယ်။
(၂)ပါကစ္စတန်

Peshawar ကျောင်းများကို တာလီဘန်များက ရက်စက်စွာတိုက်ခိုက်ခြင်းဟာ နိုင်ငံအတွင်းအကြမ်းဖက်မှုများတိုးပွားလာစေသည့်ဥပမာတစ်ခုဖြစ်ပါတယ်။၂၀၁၂ ခုနှစ်အတွင်းနိုဘယ်ဆုရှင်မာလာလာယူဆွတ်ဇိုင် ပိုင်ဆိုင်တဲ့ Waziristan မြောက်ပိုင်း Swat Valley ၌ ဤကဲ့သို့တိုက်ခိုက်မှုများဟာ မကြာခဏဖြစ်ပွားခဲ့ရပါတယ်။ ၎င်းသည် ၂၀၁၂ ခုနှစ်အတွင်းကမ္ဘာ့အသေအပျောက်အများဆုံးအကြမ်းဖက်တုိက်ခိုက်မှုတစ်ခုရဲ့ကြိုးကိုင်ဖြစ်သော အိုစမာဘင်လာဒင်အားကာကွယ်ပေးခဲ့သည့်နိုင်ငံလည်းဖြစ်ပါတယ်။ဤနိုင်ငံဟာ ရာဇ၀တ်မှုများဖြစ်ေသာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှု၊ ငွေညှစ်ခြင်း၊ မှောင်ခိုရောင်း၀ယ်မှု၊ နိုင်ငံရေးအကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုစသည်ဖြင့်ပါကစ္စတန်နိုင်ငံဟာ အာရှ၏အဓိကတရားမ၀င်ဘိန်းထုတ်လုပ်ရာဌာနကြီးနှစ်ခုအနက်တစ်ခုဖြစ်ပါတယ်။
(၃)ဆီးရီးယား

ISIS ၏ ခွဲဝေသိမ်းပိုက်ထားေသာ ဇာတိမြေ ဆီးရီးယားဟာ ကမ္ဘာပေါ်တွင် မငြိမ်းချမ်းဆုံးနိုင်ငံများအနက်တစ်နိုင်ငံဖြစ်လာပါတယ်။ ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံအတွင်းတွင် Bashar al-Assad နှင့် Baathist အစိုးရကိုဆန့်ကျင်သောလူထုအုံကြွမှုများကြောင့် ဆူပူပုန်ကန်မှုများ ပိုမို များသထက်များလာခဲ့ပါတယ်။လက်ရှိဖြစ်ပွားနေသောစစ်ပွဲများသည် လူမျိုးတုံးသတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်သော လူများကို ဆန့်ကျင်သည့် ပုန်ကန်မှု ဆန္ဒပြမှုများစွာဖြစ်ခဲ့ပါတယ်။ဆီးရီးယားနိုင်ငံသားေပါင်း ၆.၅ သန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ၊ ၃ သန်းကျော်ဟာ လက်ဘနွန်၊ ဂျော်ဒန်၊ တူရကီ၊ အီဂျစ်နှင့်အီရတ်စသည့်နိုင်ငံများသို့ထွက်ပြေးခဲ့ပြီးဒုက္ခသည်များဖြစ်လာပြီးကာ သန်းနှင့်ချီသောနိုင်ငံသားများဟာ စားနပ်ရိက္ခာနှင့်အစာရှားပါးမှုရေရှားပါးမှု တို့ကြောင့်ဆင်းရဲချို့တဲ့စွာနေခဲ့ရပါတယ်။
(၄)အာဖဂန်နစ္စတန်

နိုင်ငံတစ်နိုင်ငံတွင် မည်မျှအန္တရာယ်ရှိကြောင်း သိချင်လျှင် ထိုနိုင်ငံ၏ စစ်သွေးကြွအုပ်စုများကို ကြည့်ကာ ခန့်မှန်းလို့ရပါတယ်။တာလီဘန်များဟာ အာဖဂန်နစ္စတန်နိုင်ငံ တစ်ခွင်ပျံ့နှံ့သွားပြီးအာဖဂန်နစ္စတန်ကို အစ္စလာမစ် စော်ဘွားများအုပ်ချုပ်သောအစိုးရအဖြစ်ဖွဲ့စည်းခဲ့ပြီး ၁၉၉၆ ခုနှစ်စက်တင်ဘာလမှ ၂၀၀၁ ခုနှစ်ဒီဇင်ဘာလအထိ ကန်ဒါဟာကိုမြို့တော်အဖြစ်သတ်မှတ်ခဲ့ပါတယ်။တာလီဘန် အုပ်ချုပ်မှုဟာ အရပ်သားများအား စနစ်တကျအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လူမှောင်ခိုကူးမှုကွန်ယက်၊ အမျိုးသမီးများအားပြန်ပေးဆွဲခြင်းနှင့်အာဖဂန်နစ္စတန်နှင့်ပါကစ္စတန်တို့တွင်လိင်ကျွန်ပြုခြင်း၊ ရောင်းစားခြင်း၊ အမျိုးသမီးများအားရက်စက်စွာဖိနှိပ်ခြင်း များစွာသော ရက်စက်ကြမ်းကြုတ်မှုများပြုလုပ်ပါတယ်။နိုင်ငံဖွံဖြိုးတိုးတက်မှု များစွာ ကို အဟန့်အတား ဖြစ်စေသော ရာဇ၀တ်မှုများစွာပြုလုပ်ပြီး နေထိုင်ရန်အလွန် အန္တရာယ်ရှိလှပါတယ်။