
အကယ်၍သင့်ရဲ့ နောက်ဆုံးအချိန်မှာ နောက်ဆုံးစားဖို့ အစားစာဖြစ်မယ်ဆိုရင် သင်ဘယ်အစားစာကိုရွှေးမလဲ။သေဒဏ်ချမှတ်ပြီးနောက်မှာ တချို့လူတွေတကယ်ဆုံးဖြတ်ရခက်တဲ့ မေးခွန်းတစ်ခုပါပဲ။ဒါကတော့ အထူးဆန်းဆုံး သေခါနီး နောက်ဆုံးစားဖို့ တောင်းဆိုချက်အချို့ကို စုစည်းပေးလိုက်ပါတယ်။
(၁)Peter Kurten

ဂျာမန်လူသတ်သမား၊ မုဒိမ်းသမား Peter Kürtenဟာ သူရဲ့ရာဇ၀တ်မှုများကြောင့်ကြောက်စရာကောင်းသောနာမည်ဖြင့်လူသိများပါတယ်။သူဟာ ၁၉၃၁ ခုနှစ် ဧပြီလတွင်သေဒဏ်ချမှတ်ခံရပြီး Wiener schnitzel၊ အာလူးကြော်နှင့်ဝိုင်ဖြူတစ်ပုလင်းတောင်းခံခဲ့ပါတယ်။
(၂)Victor Feguer

Feguer ဟာ ဆရာဝန်တစ်ဦးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ကြောင်းဟန်ဆောင်ကာအိမ်သို့ဆရာဝန်တစ်ဦး အားခေါ်ဆောင်သွားပြီးဆရာ၀န်ရဲ့ခေါင်းကို သူဟာ သေနတ်ဖြင့်ပစ်ခဲ့ပါတယ်။ထိုေကြာင့်သူဟာကြိုးေပးသတ်ခံခဲ့ရကာ သူရဲ့နောက်ဆုံးအစားစာကတော့ ထူးဆန်းပြီး ရိုးရှင်းပါတယ်။ ဒါကတော့သံလွင်သီးတစ်လုံးဘဲဖြစ်ပါတယ်။
(၃)Gary Carl Simmons, Jr.

သားသတ်သမားတစ်ဦးဖြစ်သူ Gary Carl Simmons, Jr. ဟာ လူတစ်ယောက်အားသားသတ်တဲ့ဓားနဲ့ဘအစိတ်စိတ်အပိုင်းပိုင်းဖြတ်ကာသတ်ပြီး ခန္ဓာကိုယ်အပိုင်းအစများကိုမိချောင်းစာကျွေးကာ လူသတ်မှုကိုကျူးလွန်ခဲ့တာကြောင့် ဆေးထိုးပြီးသတ်ဖို့သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။သူနောက်ဆုံး တောင်းဆိုခဲ့တဲ့အစားစာမှာများပြားပြီး ထူးဆန်းလွန်းလှပါတယ်။သူတောင်းဆိုခဲ့တာတွေကတော့ ပီဇာတစ်ခုကိုပုံမှန်အရွယ်အစားအဝိုင်းနဲ့ အသားကိုထူထူလုပ်ကာ မျက်နှာပြင်နှစ်ဖက်လုံးမှာ မှိုရယ်၊ကြက်သွန်နီရယ်၊jalapeño ငရုတ်ကောင်းရယ်၊အမေရိကန်ဝက်အူချောင်းရယ်ထည့်ပေးမယ့်ဗီဇာတစ် လုံးရယ်၊နောက်ဗီဇာတစ်လုံးကချိစ့် သုံးခု၊သံလွင်သီးများ၊bell ငရုတ်ကောင်း၊ခရမ်းချဉ်သီး၊ကြက်သွန်ဖြူ၊အီတလီဝက်အူချောင်း ၈အောင်စပါတဲ့ပီဇာတစ်လုံးနဲ့ Parmesan ချိစ့် ၈အောင်စအထုတ်၊Doritos nacho ချိစ့်အမှုန့်၊jalapeño nacho ချိစ့်၊ခရမ်းချဉ်နဲ့မှိုရောကာပြုလုပ်ထားတဲ့အချဉ်ရည်ပါတဲ့ McDonald’s ကအထူးအကြော်ရယ်၊မရောနီနဲ့စတော်ဘယ်ရီရေခဲမုန့်တို့ဘဲဖြစ်ပါတယ်။
(၄)Thomas J Grasso

Thomas J Grasso ဟာ ခရစ်စမတ်သစ်ပင်မီးကြိုးများကို သုံး၍ အသက် ၈၅ နှစ်အရွယ်အဘွားအိုအားလည်ပင်းညှစ်သတ် ခဲ့မှုဖြင့်သူ့ကို ၁၉၉၅ ခုနှစ်တွင်ကွပ်မျက်ခဲ့ပါတယ်။သူနောက်ဆုံးတောင်းဆိုခဲ့တော့ ညစာမှာ Burger kingမှ cheeseBugerတစ်ခု ၊ အသားကင်နံရိုးခြောက်ခု ၊နို့နှစ်ခွက် ၊ အသားလုံးများ စပါတာခေါက်ဆွဲ ၊ရွှေဖရုံသီး မုန့်တစ်၀က်နှင့် စတော်ဘယ်ရီမုန့်တို့ပဲ ဖြစ်ပါတယ်။သူမှာယူတောင်းဆိုခဲ့သည့် အစားစာများဟာ များလွန်းသောကြောင့် ၀န်ထမ်းများဟာ မှာသည့်အစားစာများကို မှားယွင်းလုပ်မိခဲ့ကြပါသေးတယ်။
(၅)Gilmore

၁၉၇၆ ခုနှစ်တွင် Gilmore ဟာ Utah ရှိဓာတ်ဆီဆိုင်တစ်ဆိုင်တွင်လူနှစ်ယောက်ကို လုယက်သတ်ဖြတ်ခဲ့ပါတယ်။သူဟာ လုယက်နေရင်း လူတစ်ယောက်ကို အမှတ်မထင်ပစ်မိသွားပြီးနောက် သက်သေဖျောက်ဖို့ နောက်တစ်ယောက်ကိုပါ လတ်စသတ်ခဲ့ပါတယ်။ပြီးနောက် သေနတ်ဒဏ်ရာများနဲ့ လူနှစ်ယောက်ကို ဒီတိုင်းထားခဲ့ကာ သူ့ကားရှိရာသို့ပြန်သွားခဲ့ကာ မောင်းပြေးသွားပါတယ်။ သူ့ကို သေဒဏ်ချမှတ်ရန် တောင်းဆိုချက်များကြောင့် လူနှစ်ဦးအား ပစ်သတ်စေမှုဖြင့် သေဒဏ်ချမှတ်ခဲ့ပါတယ်။သူရဲ့ နောက်ဆုံး အစားစာ တောင်းဆိုချက်မှာဟမ်ဘာဂါတစ်လုံး၊ ကြက်ဥကြော်၊ အာလူးဖုတ်တစ်လုံး၊ ကော်ဖီတစ်ခွက်နှင့် Jack Daniel ဝီစကီတို့ပဲဖြစ်ပါတယ်။