
ဖိလစ်ပိုင်မှ လင်မယား ဖြစ်တဲ့ Nanay နှင့်Tatay တို့မှာ အလွန်ဆင်းရဲ့ နွမ်းပါးတဲ့ စုံတွဲလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဆင်းရဲ့နွမ်းပါးပေမယ့် ကြီးမားတဲ့ မိဘ မေတ္တာကတော့ မွေးစားသားလေးရဲ့ ဘဝ ကိုပြောင်းလဲပစ်ဖို့အတွက်တော့ လုံလောက်ခဲ့ပါတယ်။သူတို့လင်မယား ဟာ သားလေးတစ်ယောက်ကိုမွေးစားခဲ့ပြီး မိဘဝတ်တရားကျေပွန်စွာ တက်နိုင်သမျှပေးဆပ်ခဲ့ပါတယ်။ Jayvee Lazaro Badile II လို့ခေါ်တဲ့ သူတို့သားလေး ကြီးလာတာနဲ့အမျှ သူတို့ဘဝတွေဟာ ခက်ခဲကြမ်းတမ်းစွာရုန်းကန်ခဲ့ရပေမယ့် အောင်မြင်သောလူငယ်တစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ခဲ့ပါတယ်။
Credit Photo
ဂျေဗီးဟာ သူ့ကိုသူထက်ကိုပိုပြီး မြတ်နိုးသော မွေးစားမိဘ နှစ်ဦးအား ပိုမိုကောင်းမွန်သော ဘဝကိုပေးမယ်လို့ ကတိပြုခဲ့တဲ့ အတိုင်းအမှန်တကယ် လုပ်ပေးနိုင်ခဲ့ပါတယ်။ဂျေဗီးရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်ကွန်ရက် စာမျက်နှာတင်ခဲ့တဲ့ ပိုစ့်လေးတစ်ခုက ဖိလစ်ပိုင်မှာပျံနှံ့သွားခဲ့ပါတယ်။သူ့ရဲ့ ပိုစ့်မှာတော့ “Nanay ကပျံကျဈေးသည်တစ်ယောက်ပါ၊Tatay ကတော့ ကုန်ထမ်းသမားပါ၊အခုချိန်မှာ ကျွန်တော်သူတို့တွေကိုပြန်ပေးဆပ်ဖို့အခွင့်အရေးရပါပြီ၊သူတို့ရဲ့ စိတ်ကူးထားတဲ့ အိမ်မက်တွေထက်ကို ပိုပြီးတော့ ကောင်းအောင် ဖန်တီးပေးသွားမယ်ဆိုတာ အသေချာပါဘဲ” လို့ရေးသားထားတာတွေ့ရပါတယ်။”Nanay နဲ့ Tatay ကကျွန်တော့ကိုမွေးစားခဲ့တုန်းကငါ ၃ လပဲရှိသေးတယ်” ဟု Jayvee က Bored Panda သို့ပြောကြားခဲ့ပါတယ်။ဘဝကအရမ်းခက်ခဲတာပါ ၊ကျွန်တော်ကျောင်းသားတစ် ဦး အဖြစ်အလုပ်လုပ်ခဲ့ရပြီးတစ်နေ့လျှင် Na အစာနှစ်နပ် စားရလျှင်ကျွန်ုပ်တို့အရမ်းပျော်ရွှင်ကြပါတယ်။ ဒါ့အပြင်ကျွန်တော်တို့ဟာစတုရန်းမီတာ ၂၀ (၂၁၅ စတုရန်းပေ) ကျယ်ဝန်းသောတိုက်ခန်းလေးထဲမှာဘဲနေထိုင်ခဲ့ကြရတာပါ။
Credit Photo
အခုချိန်မှာတော့ ဂျေဗီးအား မိဘနှစ်ပါးအား ကြီးကျယ် ခမ်းနားတဲ့ အိမ်ကြီးတစ်လုံးပေးခဲ့သလို ကောင်းတကာ အကောင်းဆုံးအစားစာတွေအားကျွေးမွေးခဲ့ပြီး အပန်းဖြေ ခရီးတွေပါစီစဉ်ပေးကာကျေးဇူးဆပ်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ သားသမီးအရင်းတွေတောင် ယခုလိုမိဘကျေးဇူးကို သိတတ်ဖို့ ခက်ခဲနေတဲ့ ခေတ်ထဲမှာ မိဘကျေးဇူးကိုဆပ်နိုင်ခဲ့တဲ့ ဂျေဗီးရဲ့ စိတ်ဓာတ် သွေးမတော် သားမစပ်ပေမဲ့ သားအရင်းသဖွယ် ကိုယ်ကျိုးစွန့်ကာ ပေးဆပ် ခဲ့တဲ့ Nanay တိုရဲ့ မေတ္တာဇာတ်လမ်းလေးကတော့ လူတိုင်းကို မျက်ရည်လည်စေခဲ့ရပါတယ်။